ဘဏ်မှငွေထုတ်ယူမှု ကန့်သတ်ချက်များကြောင့် လုပ်ငန်းရှင်များအထိနာ

ဘဏ်မှငွေထုတ်ယူမှု ကန့်သတ်ချက်များကြောင့် လုပ်ငန်းရှင်များအထိနာ

အာဏာသိမ်းပြီးနောက် ဘဏ်မှငွေထုတ်ရာတွင် အကန့်အသတ်များရှိနေသဖြင့် ရခိုင်ပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အလုပ်လုပ်ကိုင်ရန် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

ယခင်က ဘဏ်များမှငွေထုတ်ရာတွင် ကုမ္ပဏီများအနေဖြင့် တစ်ပတ်လျှင် ငွေကျပ်သိန်း(၂၀၀)ခန့် ထုတ်ခွင့်ရှိသော်လည်း ယခုအချိန်တွင် တစ်ပတ်လျှင် ငွေကျပ်(၅)သိန်းခန့်သာ ထုတ်ယူခွင့်ပြုထားသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများမှာ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရသည်ဟု ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးထွန်းလှကျော်ကပြောသည်။

“နေ့စားအလုပ်သမားတွေဆိုတာက တစ်ရက်လုပ်မှတစ်ရက်စားရတာ။ ကုမ္ပဏီတွေက သူတို့ကိုငွေပေးဖို့အတွက် တခြားနည်းလမ်းတွေသုံးပြီး ရွှေပေါင်တာမျိုး၊ အတိုးငွေနဲ့ ငွေချေးတာတွေနဲ့ ဖြေရှင်းထားရပါတယ်။ ဘဏ်ကရမှ အလုပ်သမားတွေကိုငွေပေးရမယ်ဆိုရင် သူတို့နဲ့ ပဋိပက္ခတွေဖြစ်လာနိုင်ပါတယ်။ အလုပ်ခိုင်း လို့လည်း ရတော့မှာမဟုတ်ဘူး။ (ဒါကြောင့်) ကုမ္ပဏီပိုင်ရှင်တစ်ချို့လည်း ဆက်မလုပ်ကြတော့ဘူး။ အမြတ်အစွန်းလည်းမရှိ။ ကုမ္ပဏီပိုင်ရှင်တော်တော်များများတော့ နောက်ဆုတ်လိုက်ကြပြီ” ဟု ၄င်းက DMG ကိုပြောသည်။

ယင်းကိစ္စကိုဖြေရှင်းပေးရန်အတွက် ရခိုင်က စစ်ကောင်စီတာဝန်ရှိသူတို့ထံ ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းက စာတင်အကူအညီတောင်းခံသော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိဟုလည်း ဦးထွန်းလှကျော်က ရှင်းပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ၏ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်က “ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက အဲလိုအခက်အခဲတွေတင်ပြထားတာကြာပြီ။ ကျနော်တို့ဘက်ကလည်း ဒီအခက်အခဲတွေကို သတ်မှတ်စည်းကမ်းတွေနဲ့အညီထုတ်ပေးနိုင်အောင် ကူညီဆောင်ရွက်ပေးပါရန်ဆိုပြီး ဘဏ်ကိုစာထုတ်ပေးထားတာကြာပြီ။ အဆင်မပြေရင် ထပ်ပြီးစာလာတင်စေချင်တယ်”ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲဂယက်အနေဖြင့် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် ဘဏ်များတွင် ငွေသွင်းသူနည်းပါးသွားပြီး မိမိဘဏ်စာအုပ်တွင် ရှိသမျှသောငွေများကို ထုတ်ယူသူသာ ပိုမိုများလာသည့်အတွက် ငွေထုတ်ယူမှုကို ဗဟိုဘဏ်ကကန့်သတ်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် လက်ရှိ တချို့လုပ်ငန်းများလုပ်ကိုင်ရာတွင် လုပ်ငန်းပြီးစီးမှုအပေါ်မူတည်ပြီး ရာခိုင်နှုန်းအလိုက် အစိုးရမှငွေထုတ်ပေးရာတွင်လည်း ယင်းငွေများကိုထုတ်ယူရာ၌ အပြည့်အဝမရရှိတော့ဘဲ အကန့်အသတ်ဖြင့်ထုတ်ယူနေရသဖြင့် ပိုမိုခက်ခဲစေသည်ဟုလည်း လုပ်ငန်းရှင်များထံက သိရသည်။

“ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်တဲ့ ကုမ္ပဏီအသေးတွေရော၊ အကြီးတွေကော အားလုံးထိခိုက်ပါတယ်။ ဆိုလိုတာက လုပ်ငန်းတစ်ခုကိုစပြီးလုပ်ရင် ဘာလုပ်ငန်းပဲဖြစ်ဖြစ် ငွေကြေးကိုစပြီး Run ပြီးတော့လုပ်ရတယ်။ အဲလိုလုပ်တဲ့အခါမှာ နောက်ထပ်လုပ်ငန်းတစ်ဆင့်ကို ထပ်တက်ဖို့အတွက် နောက်တစ်ကြိမ်ပြန် Run ဖို့ ဘဏ်ကငွေကြေးထုတ်လို့မရတဲ့အခါမှာ အများကြီးအခက်ကြုံရတယ်”ဟု Coral Akyab ကုမ္မဏီ၏ CEO ဦးပြည့်ဖြိုးလင်းက DMG ကိုပြောသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...