စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မည်ကို ဒေသခံများ စိုးရိမ်နေ

စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မည်ကို ဒေသခံများ စိုးရိမ်နေ

ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာနေ ဒေသခံများ အနေဖြင့် စစ်ကောင်စီဘက်မှ လေယာဉ်နဲ့ လာရောက်တိုက်ခိုက်လာမည် စိုးရိမ်လျက်ရှိကြောင်း သိရသည်။

လုံရှာယန်ကျေးရွာ ဒေသခံတွေအနေနဲ့ စစ်ကောင်စီဘက်ကနေ ပြန်လည် ထိုးစစ်ဆင်ခဲ့မည်ဆိုပါက ခက်ခဲလာနိုင်ပြီးလေယာဉ်ဖြင့် လာရောက် ပစ်ခတ်မည်ကို  စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

" ကျွန်တော်တို့ ဒေသခံတွေက စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ လာမှာကိုပဲ ‌စိုးရိမ်တယ်။ သူတို့က ခြေကျင် နဲ့ ပြန်ထိုးစစ်ဆင်လာမယ်လို့တော့ မထင်ဘူး"ဟု ဒေသခံက ဆိုသည်။

ယင်းအပြင် ယနေ့ ညနေပိုင်း (၃) နာရီခန့်က ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာက ဆင်ကပ်တောင် (Simkap Bum) တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေယာဉ် နှစ်စင်းပျံသန်းခဲ့ပြီး ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း သိရသည်။

ပူတာအိုမြို့နယ်က လုံရှာယန်ကျေးရွာနှင့် ဆွမ်ပီယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းများအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်မှ ဖေဖော်ဝါရီလ (၁) ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ပုံဟောင်းအသုံးပြုထားပါသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...