နောင်မွန်မြို့နယ်က ဌာနဆိုင်ရာလူကြီးအချို့နှင့် ပြည်သူ့စစ်အဖွဲ့ကို ကေအိုင်အေနှင့် PDF ပူးပေါင်းအဖွဲ့က သတိပေးစာထုတ်

နောင်မွန်မြို့နယ်က ဌာနဆိုင်ရာလူကြီးအချို့နှင့် ပြည်သူ့စစ်အဖွဲ့ကို ကေအိုင်အေနှင့် PDF ပူးပေါင်းအဖွဲ့က သတိပေးစာထုတ်
နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်းခင်။ (ပုံဟောင်း)
နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်းခင်။ (ပုံဟောင်း)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ဌာနဆိုင်ရာလူကြီးအချို့နဲ့ ပူတာအို - နောင်မွန်မြို့နယ်ကြားရှိ မဂွေဇဂိတ်ကို ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတိပေးစာထုတ်ပြန်လိုက်ကြောင်း ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ စုံစမ်းသိရသည်။

နောင်မွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနမ်ရဲမင်နှင့် ကချင်ပြည်နယ် ကြံ့ခိုင်ရေးပါတီမှ နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်းခင်အပါအဝင် ပူတာအို - နောင်မွန် - မဂွေဇ - ခေါင်လန်ဖူးလမ်းပိုင်းရှိ မဂွေဇဂိတ်မှာ အထိုင်ချတပ်စွဲထားသည့် မဂွေဇပြည်သူ့စစ်အဖွဲ့ကို သတိပေးစာထုတ်လိုက်ခြင်းဖြစ်သည်။

ပြည်သူလူထုအား အနှောက်အယှက်ပေးခြင်း၊ CDM ဝန်ထမ်းများကို ဖမ်းဆီးရန်ကြံစည်ခြင်းများ ဆက်လက်မလုပ်ဆောင်ရန် နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနမ်ရဲမင်းနှင့် ကြံ့ခိုင်ရေးပါတီမှ ဦးချန်တန်းခင်တို့နှစ်ဦးကို သတိပေးထားပြီး၊ မဂွေဇစစ်ဆေးရေးဂိတ်မှာ အထိုင်ချတပ်စွဲထားသည့် ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း သတိထားကြရန် သတိပေးစာထဲတွင် ဖော်ပြထားသည်။

နောင်မွန်မြို့နယ်သည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ စိုးမိုးမှုအားကောင်းသည့် ပူတာအိုခရိုင်က မြို့နယ်တစ်ခုဖြစ်ခြင်းကြောင့် ဒေသခံပြည်သူများက သွားလာရေးခက်ခဲမှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည် ဟုဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့ကစ၍ ပူတာအိုခရိုင်၊ နောင်မွန် - ခေါင်လန်ဖူးမြို့နယ် လမ်းတစ်လျှောက် ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် ပူတာအိုပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ရေး စတင်လှုပ်ရှားမှုများ ရှိနေခြင်းကြောင့် ဒေသခံများက စစ်ပွဲများဖြစ်လာမည်ကို စိုးရိမ်လျက် ရှိနေကြသည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ (၁) ရက်နေ့ကလည်း ပူတာအိုခရိုင်ပြည်ထောင်စုလမ်းမကြီးအပိုင်း ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တပ်စွဲအထိုင်ချထားသည့် ဆွမ်ပီယာန်တပ်စခန်းတစ်ခုကိုလည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတစ်ဦးနဲ့ လက်နက်ခဲယမ်း မြောက်မြားစွာကို ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...