အာဏာသိမ်းမှုတစ်နှစ်ပြည့် အသံတိတ်သပိတ် အောင်မြင်မှုရှိဟု လူငယ်များပြော

အာဏာသိမ်းမှုတစ်နှစ်ပြည့် အသံတိတ်သပိတ် အောင်မြင်မှုရှိဟု လူငယ်များပြော

အာဏာသိမ်းမှုတစ်နှစ်ပြည့်နေ့တွင် နေရာဒေသအသီးသီး၌ အသံတိတ်သပိတ်ပြုလုပ်မှု အောင်မြင်မှုရှခဲ့ဟု လူငယ်များက ပြောဆိုကြသည်။

ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် “ပြည်တော်ဝင်ဖို့ ရုန်းကြစို့”ဟုခေါင်းစဉ်ဖြင့် အသံတိတ်သပိတ်(Silent Strike)ကို မြန်မာနိုင်ငံရှိ နေရာဒေသအသီးသီး၌ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအချိန်အထိ ပြုလုပ်ခဲ့ကြသည်။

ယခုသပိတ်ဆင်နွဲမှုသည် ရာခိုင်နှုန်းကိုးဆယ်ကျော် အောင်မြင်ခဲ့သည်ဟု လူငယ်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ကိုမျိုးကပြောသည်။

"အခုအသံတိတ်သပိတ်မှာ ၉၀ ရာခိုင်နှုန်းကျော် ပူးပေါင်းကြတယ်။ ယခင်ဒီဇင်ဘာလထက် မတိမ်းမယိမ်းပေါ့နော်။ အဲဒါကြောင့်အောင်မြင်တယ်"ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်သည့်ကမ္ဘာလူ့အခွင့်ရေးနေ့တွင်လည်း နိုင်ငံတဝှမ်း အသံတိတ်သပိတ်ပြုလုပ်ခဲ့ကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့အသံတိတ်သပိတ်အပြင် ည ၈ နာရီအချိန်တွင် လက်ခုပ်တီးသပိတ်ကိုပြုလုပ်ရန်လည်း အာဏာသိမ်းမှုဆန့်ကျင်ရေးအင်အားစုများမှ နှိုးဆော်ထားကြသည်။

ထိုသို့အသံတိတ်သပိတ်တွင်မပါဝင်ရန် စစ်ကောင်စီမှ စျေးဆိုင်များကိုဖွင့်လှစ်စေခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပစေခြင်းများရှိခဲ့သည်။

သပိတ်တွင်ပါဝင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၄(က)နှင့် ၅၀၅ စသည့်ပုဒ်မများနှင့် အရေးယူမည်ဟုလည်း စစ်ကောင်စီမှသတိပေးမှုများရှိခဲ့သည်။

ထိုကြောင့် ယနေ့အသံတိတ်သပိတ်အောင်မြင်မှုနှုန်းမှာ အနည်းငယ်ကျဆင်းမှုရှိခဲ့သော်လည်း ပြည်သူများအနိုင်ရခဲ့ကြောင်း မော်လမြိုင်မြို့မှ အမည်မဖော်လိုသည့် လူငယ်တစ်ဦးမှဆိုသည်။

"ရပ်ကွက်လမ်းတွေမှာ ပွဲလုပ်တာတွေရှိတော့ ဒီဇင်ဘာထက်စာရင်တော့ အောင်မြင်မှုက နည်းနည်းလေးနည်းတယ်ပြောရမယ်။ ဒီ sillent ကြီးစကတည်းက ပြည်သူတွေက နိုင်ပြီးသားပါပဲ။ ဒါပေမယ့် ပြည်သူအနေနဲ့ကြည့်ရင်တော့ အောင်မြင်ပါတယ်"ဟု ၄င်းမှဆိုသည်။

အသံတိတ်သပိတ်ပြုလုပ်နေစဉ်အတွင်း၌ မန္တလေးနှင့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တို့တွင် စစ်တပ်ထောက်ခံပွဲများ ပြုလုပ်မှုများရှိခဲ့သည်။ ထိုသို့တပ်ထောက်ခံပွဲပြုလုပ်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တပ်ထောက်ခံပွဲပြုလုပ်မှုသည် ပြည်သူအပေါ်ရှုံးနိမ့်မှုအား လက်မခံနိုင်ခြင်းကြောင့်ဟု ကျောင်းသားသမဂ္ဂဆိုင်ရာ ကော်မတီအဖွဲ့ဝင် ကိုရဲမှ သုံးသပ်သည်။

"စစ်ကောင်စီက ပြည်သူအပေါ်ရှုံးနေပြီ။ တန်ပြန် စစ်တပ်ထောက်ခံပြပွဲတွေဆိုတာကလည်း ပြည်သူတွေအပေါ် ရှုံးနိမ့်နေတာကိုလက်မခံနိုင်လို့ ဆောင်ရွက်တာဖြစ်တယ်"ဟု ၄င်းမှသုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်သည့်ကမ္ဘာလူ့အခွင့်ရေးနေ့တွင်လည်း နိုင်ငံတဝှမ်း အသံတိတ်သပိတ်ပြုလုပ်ခဲ့ကြသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...