CDM စစ်သားများ ဦးဆောင်သည့် PSDF အဖွဲ့မှ ရန်ကုန်နှင့် မန္တလေးတွင် ဖောက်ခွဲတိုက်ခိုက်မှုများ စတင်ပြုလုပ်

CDM စစ်သားများ ဦးဆောင်သည့် PSDF အဖွဲ့မှ ရန်ကုန်နှင့် မန္တလေးတွင် ဖောက်ခွဲတိုက်ခိုက်မှုများ စတင်ပြုလုပ်

CDM စစ်သားများ ဦးဆောင်သည့် PSDF အဖွဲ့မှ ရန်ကုန်နှင့် မန္တလေးတွင် ဖောက်ခွဲတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။

ဇန်နဝါရီလအတွင်း ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် PSDF တဖွဲ့တည်းအနေဖြင့်လည်းကောင်း၊ ရည်ရွယ်ချက်တူအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့သည်ဟု People Soldier Defense Force ( PSDF) ကသတင်းထုတ်ပြန်သည်။

ဖောက်ခွဲမှုပြုလုပ်ခဲ့သည့်နေရာများမှာ စစ်ကောင်စီကို အားပးအားမြှောက်ပြုနေသည့် ဘဏ်များ၊ စည်ပင်ရုံးများကို တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

နောက်ပိုင်းတွင်လည်း တိုက်ခိုက်ဖောက်ခွဲမှုများအား ပိုမိုလုပ်ဆောင်လာမည်ဖြစ်ပြီး ထိုကဲ့သို့ ရုံးဌာနတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ပေးနေသော ဝန်ထမ်းများအား ပြည်သူနှင့် အမြန်ပူပေါင်း၍ စစ်ကောင်စီအား တော်လှန်ကြရန် တိုက်တွန်းလိုကြောင်း၊ လိုက်နာမှု မရှိပါက အသက်အန္တရာယ်ထိခိုက်မှုအတွက် တာဝန်ယူမည် မဟုတ်ကြောင်း အသိပေးကြေညာအပ်သည်ဟု PSDF ကသတင်းထုတ်ပြန်သည်။

PSDF အဖွဲ့အား စစ်တပ်မှ CDM ပြုလုပ်ခဲ့သည့် Major 48 က ဦးဆောင်နေပြီး CDM စစ်သားများဖြင့် ဖွဲ့စည်းထားသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...