Published
Monday, July 10, 2017
ရခိုင်တွင် ၆ လအတွင်း သေလွန်တုတ်ကွေးကြောင့် သေဆုံးသူ ၁၆ ဦးရှိ
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ဇန်နဝါရီမှ ဇူလိူင်လ ၅ ရက်နေ့ထိ သွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၆ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ သတင်းအချက်အလက်အရ သိရသည်။
ယင်းကာလ ၆ လကျော် အတွင်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ ၁၁၄၄ ဦးရှိပြီး ၁၆ ဦးသေဆုံးခဲ့ရပြီ ဖြစ်ကြောင်း သိရှိရသည်။
သွေးလွန်တုတ်ကွေးအဖြစ်ပွားဆုံးမြို့နယ်များမှာ မင်းပြား၊ ကျောက်တော်၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်တို့ဖြစ်ကြပြီး လူနာ အားလုံး၏ လေးပုံ-သုံးပုံမှာ ကျေးလက် ဒေသများမှ ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနအနေဖြင့် သွေးလွန်တုတ်ကွေးဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် ယခင်နှစ်ကထက် ပိုမိုကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။







