Published
Sunday, January 30, 2022
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းတွေ တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။ (ဇန်နဝါရီလ ၃၀၊ ၂၀၂၂)
- မြောက်ဦးမြို့က ရှေးဟောင်းမြေနေရာတွေမှာ ကျူးကျော်အဆောက်အဦတွေ ဆောက်လုပ်တာ၊ ရှေးမြို့ရိုးတွေကို ဖြိုဖျက်တာတွေကိုတွေ့ရင် အရေးယူသွားမယ်လို့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ရှေးဟောင်းသုတေသနဌာနက ပြောပါတယ်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပထမဆုံးတည်ဆောက်နေတဲ့ အားကစားနဲ့ ကာယသိပ္ပံကျောင်းပြီးစီးမှုဟာ လက်ရှိမှာ ၈၀ ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်ပါတယ်။
- မာန်အောင်ကျွန်းဟာ ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ နေရာတွေရှိပေမယ့်လည်း လျှပ်စစ်မီးအလုံအလောက်မရရှိတဲ့အတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအပါအဝင် ဒေသခံတွေ အခက်အခဲဖြစ်နေကြပါတယ်။






