Published
Saturday, January 29, 2022
တရုတ်အစိုးရက တိုက်ပွဲမဖြစ်ဖို့ တောင်းဆိုထားပေမဲ့ စကစတပ်က ထိုးစစ်ဆင်လာရင် တိုက်ပွဲဖြစ်မှာပဲလို့ KIA ပြော
ဒီအပတ်အတွင်း စစ်ကိုင်း-ကချင်နယ်စပ်ကနေ ကချင်ပြည်နယ်ထဲ စစ်ရိက္ခာသယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဖောင်းဆိုင်ဒေသအတွင်း စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့စားနပ်ရိက္ခာတွေသယ်ယူခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်တားမြစ်ထားတယ်လို့ ဖောင်းဆိုင်ဒေသခံတွေက ပြောပါတယ်။
တရုတ်အစိုးရက ဒီအတောအတွင်း တရုတ်နယ်စပ်တစ်လျှောက် တိုက်ပွဲမဖြစ်ဖို့ တောင်းဆိုထားပေမဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လှုပ်ရှားမှုတွေရှိလာရင် တိုက်ပွဲဖြစ်ပွားမှာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။






