ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် လူငယ် ၃၀ ဦးခန့် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းထွက်ပေါ်

ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် လူငယ် ၃၀ ဦးခန့် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းထွက်ပေါ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသခံများနှင့် မျက်မြင်တွေ့ရှိသူများက ပြောဆိုကြသည်။

ဖမ်းဆီးစစ်ဆေးခံနေရသည့် လူငယ် ၃၀ ခန့်နှင့်ပတ်သက်၍ အသေးစိတ်ကို လတ်တလောတွင်မသိရသေးသော်လည်း ၎င်းတို့မှာ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းဘက်သို့ ကားနှစ်စီးဖြင့်သွားရာတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

"မနေ့ကညနေပိုင်းမှာ ဖမ်းဆီးထားတယ်လို့သိရတယ်။ သူတို့က မောင်တောမြောက်ပိုင်းကို အလုပ်သွားလုပ်ကြတာပါ"ဟု ကြိမ်ချောင်းကျေးရွာမှ လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG ကိုပြောသည်။

ထိုသို့ဖမ်းဆီးစစ်ဆေးခံနေရသည့် လူငယ်များမှာ ရခိုင်ပြည်နယ် ဒေသအသီးသီးမှပါဝင်ပြီး မောင်တောမြို့နယ်မြောက်ပိုင်းသို့ အလုပ်အကိုင်ရှာဖွေရန်သွားရောက်သူများဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

လက်ရှိမှာ လူငယ် ၃၀ ဦးခန့် ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု ပြောဆိုချက်နှင့်ပတ်သက်၍ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိစ္စအားမသိရှိသေးကြောင်း အကြောင်းပြန်ခဲ့သည်။

မောင်တောမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းက "မှတ်ပုံတင်ပါရင် မြန်မာနိုင်ငံအတွင်း ဘယ်နေရာကိုမဆို လွတ်လပ်စွာသွားလာခွင့်ရှိတာပဲ။ ဘင်္ဂလာကို ခိုးသွားတာမှမဟုတ်တာ။ ဂဏန်းရှာဖွေတဲ့အလုပ်လုပ်ဖို့သွားကြတာဘဲ"ဟု ပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်းရှိ တောင်ပြို၊ နံသာတောင်၊ သင်္ဘောလှ၊ တမန်းသား၊ အောင်သပြေ စသည့်ကျေးရွာများတွင် ဂဏန်းရှာဖွေသည့်အလုပ်ကို ရခိုင်ပြည်နယ်ဒေသအသီးသီးမှ လာရောက်လုပ်ကိုင်နေသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိမှာ လူငယ် ၃၀ ဦးခန့် ဖမ်းဆီးစစ်ဆေးခံနေရသည့်ကိစ္စအား အသေးစိတ်သိရှိနိုင်ရန် DMG မှ ဆက်လက်စုံစမ်းလျက်ရှိနေသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...