ဖမ်းဆီးခံထားရသည့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့် ကျန်းမာရေးကြောင့် ပြန်လွတ်

ဖမ်းဆီးခံထားရသည့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့် ကျန်းမာရေးကြောင့် ပြန်လွတ်

စစ်တပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟို အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးဟံသာမြင့်ကို ကျန်းမာရေး အခြေအနေကြောင့် ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည် လွှတ်ပေး လိုက်သည်ဟု NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် တစ်ဦးက မဇ္စျိမကို အတည်ပြု ပြောသည်။

“သူပြန်လွတ်လာတာ ဟုတ်ပါတယ်။ ပြန်လွှတ်ပေးချင်လို့ လွှတ်ပေးတယ်လို့ပဲ ထင်ပါတယ်။ သေချာတာကတော့ သူ့ကျန်းမာရေး မကောင်းလို့ ပြန်လွှတ် ပေးလိုက်တာပါ။ သူ့ကျန်းမာရေး အခြေအနေကြောင့် တရားစွဲဆို ခံထားရတဲ့ အခြေအနေကနေ ပြန်လွှတ်ပေးလိုက်တာ” ဟု ၎င်းက ပြောသည်။

ဦးဟံသာမြင့်ကို စစ်တပ်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီး တရားစွဲဆို ထားရာမှ ယနေ့ မွန်းလွဲပိုင်းတွင် အကျဉ်းထောင်မှ ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

အသက် ၇၅ နှစ်အရွယ် ဦးဟံသာမြင့်သည် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ အခံများ ရှိနေပြီး ယခင် ပါတီရုံးချုပ်တွင် တာ၀န် ထမ်းဆောင်နေစဉ် ကပင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် အာရှတော်ဝင် ဆေးရုံတို့ တွင် ပုံမှန် သွားရောက် ကုသခံနေရသူ တစ်ဦးလည်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သည့် ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်နှင့် သဘာပတိအဖွဲ့၀င် ဦးဝင်းထိန်တို့သည်လည်း ကျန်းမာရေး မကောင်းသည့် သူများ ဖြစ်သော်လည်း စစ်တပ်က ဆက်လက် ဖမ်းဆီးထားသည်။

NLD ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းသည် စစ်ကောင်စီက ဖမ်းဆီး ထားစဉ် ကာလအတွင်း ကျန်းမာရေး ဆိုးရွားခဲ့ပြီး သေဆုံးခဲ့သည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...