စစ်ကောင်စီ နိုင်ငံခြားဝင်ငွေ မရရှိအောင် ဒဏ်ခတ်ပိတ်ဆို့ရေးအတွက် HRW တိုက်တွန်း

စစ်ကောင်စီ နိုင်ငံခြားဝင်ငွေ မရရှိအောင် ဒဏ်ခတ်ပိတ်ဆို့ရေးအတွက် HRW တိုက်တွန်း

မြန်မာစစ်ကောင်စီ၏ ကြမ်းတမ်းရက်စက်သော အုပ်ချုပ်ရေးကို ထောက်ပံ့ပေးနေသည့် နိုင်ငံခြားငွေကြေး ရရှိခြင်းအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ မချမှတ်မချင်း စစ်ကောင်စီသည် သဘာဝဓာတ်ငွေ့နှင့် အခြားသော ကဏ္ဍများမှ ကြီးမားသော ဘဏ္ဍာဝင်ငွေကို ဆက်လက်ရရှိနေလိမ့်ဦးမည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က အင်္ဂါနေ့တွင် ပြောသည်။

“အာဏာသိမ်းပြီး တစ်နှစ်နီးပါးအကြာတဲ့အထိ မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာ အသိုင်းအဝန်းက ချမှတ်တဲ့ အရေးပါတဲ့ ထိခိုက်ဆုံးရှုံးမှုကို မကြုံတွေ့ရဘဲ ကြောက်မက်ဖွယ် မတရားဖိနှိပ်တာတွေကို ဆက်လက်ကျူးလွန်နေလျက် ရှိပါတယ်”ဟု HRW မှ အာရှရေးရာ ညွှန်ကြားရေးမှူး John Sifton က ပြောသည်။ အစိုးရများအနေဖြင့် စစ်ကောင်စီကို အရာရောက်သည့် ဘဏ္ဍာရေး ဖိအားများ ပို၍ ချမှတ်ခြင်း မရှိမချင်း “၎င်းတို့ရဲ့ လူမဆန်ရက်စက်သော ဖိနှိပ်ရက်စက်မှုများ” မှ စစ်ကောင်စီသည် သွေဖယ်သွားလိမ့်မည် မဟုတ်ကြောင်း John Sifton က အလေးအနက်ဆိုသည်။

စွမ်းအင်ကုမ္ပဏီကြီးနှစ်ရပ်ဖြစ်သော TotalEnergies နှင့် Chevron တို့သည် မြန်မာနိုင်ငံမှ ထွက်ခွာမည့် အစီအစဉ်ကို သောကြာနေ့က ကြေညာခဲ့သော်လည်း အခြားသော ကုမ္ပဏီများက ၎င်းတို့၏ လုပ်ငန်းများတွင် နေရာယူပါဝင်လုပ်ဆောင်လာမည်သာဖြစ်ခြင်းကြောင့် သဘာဝဓာတ်ငွေ့မှ ဝင်ငွေကို စစ်ကောင်စီသည် ဆက်လက်ရရှိနေဦးမည်သာ ဖြစ်သည်ဟု HRW က အင်္ဂါနေ့တွင် ပြောသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျပန်နှင့် အခြားသော ဆိုင်ရာ နိုင်ငံများအနေဖြင့် စစ်ကောင်စီ၏ သဘာဝဓာတ်ငွေ့မှ ဝင်ငွေအားလုံးကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်နိုင်ရေးအတွက် ဘုံရပ်တည်ချက် လက်ရှိ၌ ရှိသင့်ပြီဟု ဆိုသည်။ မြန်မာနိုင်ငံအတွင်း ဆက်လက်ရှိနေဆဲ စွမ်းအင်ကုမ္ပဏီကြီးနှစ်ရပ်ဖြစ်သည့် ထိုင်းနိုင်ငံပိုင် PTT နှင့် တောင်ကိုရီးယား POSCO ကုမ္ပဏတို့အနေဖြင့်လည်း ထိုကဲ့သို့ စစ်ကောင်စီ၏ သဘာဝဓာတ်ငွေ့ ဝင်ငွေကို ဖြတ်တောက်ခြင်းကဲ့သို့သော လုပ်ငန်းစဉ်များကို ထောက်ခံကြောင်း ပြသသင့်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများမှ စစ်ကောင်စီအတွက် နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိနေရာ တစ်ခုတည်းသော အကြီးဆုံး နိုင်ငံခြားဝင်ငွေရရှိသည့် ရင်းမြစ်ဖြစ်နေသည်။ အများအားဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့ ပို့ဆောင်သော အဆိုပါ ဝင်ငွေကို ပြည်ပနိုင်ငံများရှိ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့် အခြားသော စစ်တပ်ထိန်းချုပ်ရာ အကောင့်များသို့ လွှဲပြောင်းပေးနေခြင်း ဖြစ်သည်။

“စစ်ကောင်စီ ဝင်ငွေ မရနိုင်တော့တဲ့အထိ မြန်မာနိုင်ငံကနေ စွမ်းအင်ကုမ္ပဏီတွေ ထွက်ခွာကြရမှာ ဖြစ်တယ်”ဟု Sifton က ဆိုသည်။ “အမေရိကန်နဲ့ အီးယူအနေနဲ့ စစ်ကောင်စီဟာ လူ့အခွင့်အရေးအပေါ် ဘယ်လိုမှ တိုးတက်မှု မလုပ်ဆောင်ခဲ့ဘူးဆိုရင် သူတို့အပေါ် အမှန်တကယ် စီးပွားရေးအရ သက်ရောက်မှု ရှိမယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ကျင့်သုံးဖို့ အားချင်း လိုအပ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...