ကရင်နီပြည်နယ် အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကရင်နီပြည်နယ် အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ လျှပ်စစ်မီးရရှိမှသာ အင်တာနက်လိုင်းရရှိတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့ ၊ ဖရူဆိုမြို့ လျှပ်စစ်မီးဖြတ်တောက်ခံထားရပြီး လွိုင်ကော်မြို့ပေါ်မှာဆိုရင် တခါတရံမှသာ လျှပ်စစ်မီးရရှိပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာလည်း တယ်လီနောအင်တာနက်လိုင်း တစ်ခုတည်းသာ ရရှိနေတာ တစ်လနီးပါးရှိနေပြီဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာလည်း ဖုန်းလိုင်း အင်တာနက်လိုင်းရရှိဖို့ တောင်ထိပ်ထိတက်နေရတယ်လို့ ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်ကူညီသူ တစ်ဦးက ပြောပါတယ်။

“တောလမ်းမိတဲ့ တောင်ပေါ် တက်ပြီးတော့ ကျနော်တို့ကို ဆက်သွယ်ရတယ်ပေါ့နော။ ဆိုတော့ အင်တာနက်လည်း အဲ့လိုဘဲ လိုင်းမိတဲ့ တောင်ပေါ်တက်ပြီး သုံးရတော့ သူတို့မှာက ဆက်သွယ်ရေးမှာက တအားနဲ့ အခက်အခဲဖြစ်တယ်ပေါ့နော။ မြေပြင်သတင်းတွေကို ချက်ချင်း ကျနော်တို့ဆီ မရောက်နိုင်ဘူးပေါ့နော။ အဲ့လို အခြေအနေတွေရှိတယ်။ အဲ့ဘက် အုပ်စုတွေကတော့လေ။”

ဖရူဆိုမြို့ပေါ်တွေမှာဆိုရင်တော့ မနက်၇နာရီနဲ့ ည၇နာရီအထိသာ MPT အင်တာနက်လိုင်းရရှိနေတာ နှစ်ပတ်ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...