SHELL ကုမ္ပဏီမှ ရခိုင်ကမ်းလွန်တွင် ရေနံတူးမည်

SHELL ကုမ္ပဏီမှ ရခိုင်ကမ်းလွန်တွင် ရေနံတူးမည်
by -
နိရဥ္စရာ/ ကျော်ဝင်း
SHELL MYANMAR ENERGY PTE.LTD မှ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်း၌ ရခိုင်ကမ်းလွန်တွင် တူးဖော်သွားမည်ဟု သိရသည်။ ရခိုင်ကမ်းလွန်တွင် ရေနံလုပ်ကွက်(၄)ကွက် ဖြစ်ကြသည့် အမှတ် အေ-၄ ၊ အေဒီ-၂ ၊ အေဒီ-၉နှင့် အေဒီ-၁၁ တို့တွင် တူးဖော် သွားမည် ဖြစ်ပြီး လုပ်ကွက်တစ်ခုလျှင် ရေနံတွင်း နှစ်တွင်းမှ သုံးတွင်း ထိရှိမည်ဖြစ်ကြောင်း ဇူလိုင်လ(၄)ရက် နေ့လည်(၁)နာရီခန့်က SHELL MYANMAR ENERGY PTE.LTDမှတာဝန်ရှိသူများ၏ ရခိုင်ကမ်းလွန်ဒေသအတွင်း ရေနံစမ်းသပ် တူးဖော်ရှာဖွေရေးလုပ်ငန်းရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

၎င်းရှင်းလင်းပွဲကို ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ပြီး SHELL MYANMAR ENERGY PTE.LTDမှတာဝန်ရှိသူများ၊ မြန်မာ့ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE)မှတာဝန်ရှိသူများ၊ Enviornment Resources Managementနှင့် Enviorment Quality Management Co.Ltdမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူ ၂၀ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

စီမံကိန်းတည်နေရာမှာ မာန်အောင်ကျွန်းမှ မိုင်အားဖြင့်ဆိုလျှင် ၅၅ မိုင် အကွာအဝေးတွင် တည်ရှိပြီး ရေအနက် မီတာ(၁၀၀၀) အောက်တွင် တည်ရှိကြောင်းသိရသည်။

အဆိုပါရေနံလုပ်ကွက် ရေနံစမ်းသပ်တူးဖော်ရှာဖွေရေးလုပ်ရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment-EIA)အားလည်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

ထိုစီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA)ကို Enviornment Resources Managementကုမ္ပဏီမှ တာဝန်ယူ လုပ်ဆောင်သွားမည်ဟုသိရသည်။

SHELL ကုမ္ပဏီသည် ပထမအစမ်းတွင်းအား ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တူးဖော်ရန်ရည်ရွယ်ထားကြောင်း ရေနံတွင်း အစမ်းတွင်းတစ်တွင်းတွင် တူးဖော်ရေးမှာ တစ်လမှ သုံးလခန့်ကြာမြင့်မည်ဟု ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

SHELL ကုမ္ပဏီသည် ရေနံတူးဖော်ရေးလုပ်ငန်းများကို အာဖရိက၊ တောင်အမေရိက၊ သြစတေးလျနှင့် အာရှနိုင်အနှံ့တွင် လုပ်ကိုင်နေသော ကုမ္ပဏီကြီးဖြစ်သည်။ SHELL ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်တွင် (၆)ကွက်နှင့် မုတ္တမပင်လယ်ကွေ့တွင် (၁)ကွက် စုစုပေါင်း (၇)ကွက် တူးဖော် လုပ်ကိုင်နေကြောင်း ကုမ္ပဏီတာဝန်ရှိသူများကပြောသည်။

စီမံကိန်းမစတင်ခင် မြန်မာ့ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်း (၂၀၁၅)အရ နိုင်ငံတော်မှ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိရေးတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအားလုံးကို ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment-EIA)အား ဆောင်ရွက်ရမည်ဖြစ်သည်။

ရခိုင်ကမ်းလွန်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment-EIA)ပြုလုပ်နေခြင်းအား ဒေသခံများအားရှင်းလင်းမှု ကုမ္ပဏီ(၂)ခုမှ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...