ဒီးမော့ဆိုတွင်တိုက်ပွဲဖြစ်ပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် ဒေသခံများနေရပ်စွန့်ခွာ

ဒီးမော့ဆိုတွင်တိုက်ပွဲဖြစ်ပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် ဒေသခံများနေရပ်စွန့်ခွာ
ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်
ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့ စံပြ(၆)မိုင်နှင့် (၅)မြောင်းစိုက်ကွင်းဒေသတို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့တို့ကြား ယမန့်နေ့ကတိုက်ပွဲဖြစ်ပွားရာတွင် စစ်ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

ဒီးမော့ဆိုမြို့ စံပြ(၆)မိုင်၊ ဟိုဖိတ်နှင့် (၅)မြောင်းသို့ စစ်ကောင်စီတပ်မှဝင်ရောက်လာမှုကြောင့် KNDF ပူးပေါင်းအဖွဲ့နှင့် ယမန်နေ့တစ်နေ့လုံးနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် သုံးကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း KNDF နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"ဒီးမော့ဆိုမြို့ဘက်ကနေ စံပြ(၆)မိုင်နဲ့ (၅)မြောင်းဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာ။ အင်အားကတော်တော်များတယ်။ အဲဒါကိုပူးပေါင်းအဖွဲ့ကတွေ့သွားပြီးတော့ တိုက်ပွဲဖြစ်ပွားတာပေါ့။ တစ်နေ့လုံးနီးပါးပါပဲ။ အပြန်အလှန်ထိခိုက်တာတော့ရှိတယ်။ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများတယ်။ အဲဒါကိုရဟတ်ယာဉ်နဲ့သုံးကြိမ်လောက်ဝဲပြီး ပစ်ခတ်သွားတယ်"ဟု ၄င်းကပြောသည်။

ထိုသို့ လေကြောင်းမှပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်အုပ်စု ဟိုဖိတ်ကျေးရွာမှ လူနေအိမ်(၁၀)လုံးခန့်ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော်မှာ နေအိမ်များကိုစွန့်ခွာပြီး ယာယီစစ်ဘေးရှောင်စခန်းများတွင် သွားရောက်ခိုလှုံနေရကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

"တိုက်ပွဲထပ်ဖြစ်ပွားတယ်ပေါ့။ အဲ့လိုဖြစ်တဲ့အတွက် ကျန်ရှိတဲ့ဒေသခံနှစ်ရာကျော်ကလည်း ထပ်ပြေးရတယ်။ ဒေသခံတွေကုန်သလောက်နီးပါးဖြစ်နေပါပြီ။ အခုကတော့ ယာယီစစ်ဘေးရှောင်စခန်းတွေကို ရောက်ရှိလာသူတွေရှိနေပါတယ်။ အကူအညီတွေကိုလည်း ရသလောက်ထောက်ပံ့ပေးထားတာရှိပါတယ်"ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည် လွိုင်ကော်၊ ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဘေးတိမ်းရှောင်နေသည့် ကရင်နီဒေသခံနှစ်သောင်းကျော်မှာ ထိုင်းနယ်စပ်မဲဟောင်ဆောင်ဒေသနှင့် ရှမ်းပြည်နယ်အထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...