ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုး

ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာတွင် ရက္ခိုင့်တပ်တော်(AA)၏ တပ်ဖွဲ့ဝင်များနှင့် ဒေသခံများကို ဇန်နဝါရီလ ၂၄ ရက်နေ့မှစတင်၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေပြီး ယနေ့(ဇန်နဝါရီလ ၂၅ ရက်)တွင်လည်း ဆက်လက်နှံလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်ကာကွယ်ဆေးကို စစ်ကောင်စီ၏အစီအစဉ်ဖြင့် ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျံအေးထံမှသိရသည်။

"အေအေအဖွဲ့တစ်ခုတည်းတော့ မဟုတ်ဘူး။ ဒေသခံတွေလဲပါတယ်။ စေတီတောင်စုရပ်မှာ ထိုးပေးတာ"ဟု ဦးကျံအေးက DMG သို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းကလည်း စေတီတောင်ကျေးရွာ စုရပ်တွင်ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး အရေအတွက်ကို စာရင်းတက်မလာသေး၍ မသိရသေးကြောင်း ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်း စုရပ်နေရာမည်မျှတွင် အေအေတပ်ဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည်ကို လတ်တလောတွင်မပြောနိုင်သေးကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် ဦးစားပေးအုပ်စု ၁၆ ခုထဲမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အုပ်စုတွင် ရက္ခိုင့်တပ်တော်(AA)ပါဝင်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။

စစ်ကောင်စီမှပေးမည့် ကိုဗစ်ကာကွယ်ဆေးများကို ရက္ခိုင့်တပ်တော်(ULA/AA)ထိန်းချုပ်ထားသည့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့တွင် ပြည်သူများအား ဦးစားပေးထိုးပေးသွားမည်ဖြစ်ကြောင်း ULA/AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထိုစဉ်ကပြောကြားခဲ့သည်။

လက်ရှိ ဘူးသီးတောင်မြို့နယ်တွင် အေအေတပ်ဖွဲ့ဝင်များ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်ပြီး အေအေ၏ ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခု ဒီဇင်ဘာလမှ ၂၀၂၀ ခု နိုဝင်ဘာလအထိ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိမှာ နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...