သတင်းသမားဘ၀မှ CNF/ CNA ထဲကိုဝင်ရောက်ခဲ့သူ Salai Benezar တိုက်ပွဲအတွင်းကျဆုံး ဆိုတဲ့သတင်းအမှား

သတင်းသမားဘ၀မှ CNF/ CNA ထဲကိုဝင်ရောက်ခဲ့သူ Salai Benezar တိုက်ပွဲအတွင်းကျဆုံး ဆိုတဲ့သတင်းအမှား

ထိုသတင်းအမှားကို ချင်းတောင်တန်း နှင့် ချင်းတောင်ဇလပ် Chin Group မှ “ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်ခဲ့သည့် CNA ချင်းအမျိုးသား တပ်မတော် ချင်းသူရဲကောင်း Salai Benezar လေးစားဦးညွတ်ပါတယ်။ အဖဘုရား၏ ကောင်းကင်နိုင်ငံတော်မှာ ငြိမ်းချမ်းစွာအနားယူပါတော့…. စစ်ခွေး ၁၉ ကောင်နဲ့ မတန်လိုက်တာ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ယခုလက်ရှိ ချင်းပြည်နယ်မှာ ချင်းအမျိူးသားတပ်မတော်အပါအဝင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေပြင်းထန်လျှက်ရှိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အဲဒီသတင်းမှာဖော်ပြထားသလို Salai Benezar ဟာ တိုက်ပွဲမှာကျဆုံးခြင်းမရှိပါဘူး။

အဲဒီသတင်းအမှားနဲ့ပတ်သက်ပြီး Salai Benezer က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ ငါမသေပါဘူး၊ ဘယ်ကောင်လက်ကမျင်းတာလဲဟ’’ ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။

ဒီလို သတင်းအရင်းမြစ်မမှန်ကန်တဲ့ သေဆုံးမှုသတင်းများဟာ သက်ဆိုင်သူမိသားစုများကို ထိတ်လန်မှုနဲ့ ဝမ်းနည်မှုဖြစ်စေနိုင်ပါတယ်။

ထိုသတင်းအမှားကို ချင်းတောင်တန်း နှင့် ချင်းတောင်ဇလပ် Chin Group မှရက်ပိုင်းအတွင်း ပြန်လည်ဖြုတ်ချခဲ့ပေမယ့်လည်း စာဖတ်သူများအနေနဲ့ အရပ်သာပြည်သူသေဆုံးမှုများ၊ CNF / CDF ကျဆုံးသွားတဲ့ ရဲဘော်သတင်းများ တွေ့ရှိမယ်ဆိုရင် ကိုယ်နဲ့သိတဲ့မိတ်ဆွေပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သတင်းရင်မြစ်မှန်ကန်မှသာ ပြန်လည်ဝေမျှဖို့တိုက်တွန်းလိုက်ရပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...