ဒီးမော့ဆိုမြို့နယ်က ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့

ဒီးမော့ဆိုမြို့နယ်က ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့
ဇန်နဝါရီလ ၂၂ရက်နေ့ ဟိုဖိတ်ကျေးရွာမီးရှို့ခံရပုံ။
ဇန်နဝါရီလ ၂၂ရက်နေ့ ဟိုဖိတ်ကျေးရွာမီးရှို့ခံရပုံ။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့  စံပြ၆မိုင်အုပ်စု ဟိုဖိတ်ကျေးရွာနဲ့ သပြေတော ကျေးရွာအနီးမှာ တိုက်ပွဲအတွင်း စစ်ကောင်စီက ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူ (၂) ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ KNDF က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စစ်ကောင်စီနဲ့ ၁၀ နာရီကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ထိခိုက်ကျဆုံးမှု များပြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟိုဖိတ်ကျေးရွာ၊ သပြေတောကျေးရွာ နဲ့ စိုက်ကွင်း (၂)ကျေးရွာအတွင်းက  ဒေသခံနေအိမ် ၉ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ထားတဲ့ ပြည်သူ ၁၉၈ဦး ရှိသွားပြီလို့ ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် ( KcSN) က ဇန်နဝါရီလ ၇ရက်နေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့မှာလည်း  လွိုင်ကော်မြို့နယ်၊ မုံပြာရပ်ကွက် အနီးအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို KNDFနှင့် PDF ပူးပေါင်းမဟာမိတ် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...