ဒီးမော့ဆိုမြို့နယ်က ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့

ဒီးမော့ဆိုမြို့နယ်က ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့
ဇန်နဝါရီလ ၂၂ရက်နေ့ ဟိုဖိတ်ကျေးရွာမီးရှို့ခံရပုံ။
ဇန်နဝါရီလ ၂၂ရက်နေ့ ဟိုဖိတ်ကျေးရွာမီးရှို့ခံရပုံ။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့  စံပြ၆မိုင်အုပ်စု ဟိုဖိတ်ကျေးရွာနဲ့ သပြေတော ကျေးရွာအနီးမှာ တိုက်ပွဲအတွင်း စစ်ကောင်စီက ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူ (၂) ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ KNDF က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စစ်ကောင်စီနဲ့ ၁၀ နာရီကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ထိခိုက်ကျဆုံးမှု များပြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟိုဖိတ်ကျေးရွာ၊ သပြေတောကျေးရွာ နဲ့ စိုက်ကွင်း (၂)ကျေးရွာအတွင်းက  ဒေသခံနေအိမ် ၉ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ထားတဲ့ ပြည်သူ ၁၉၈ဦး ရှိသွားပြီလို့ ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် ( KcSN) က ဇန်နဝါရီလ ၇ရက်နေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့မှာလည်း  လွိုင်ကော်မြို့နယ်၊ မုံပြာရပ်ကွက် အနီးအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို KNDFနှင့် PDF ပူးပေါင်းမဟာမိတ် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...