မိုင်းမတော်တဆကြောင့် သေဆုံးရသည့် ချင်းတော်လှန်ရေးရဲဘော် ၁၀ ဦးကျော်ရှိလာ

မိုင်းမတော်တဆကြောင့် သေဆုံးရသည့် ချင်းတော်လှန်ရေးရဲဘော် ၁၀ ဦးကျော်ရှိလာ

ချင်းပြည်နယ်၌ မိုင်းမတော်တဆမှုကြောင့် သေဆုံးရသည့် တော်လှန်ရေး ရဲဘော် အရေအတွက် ၁၀ ဦး ကျော် ရှိလာပြီ ဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။

တီးတိန်မြို့နယ် ဟိန်ဇိန်ရွာ အနီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော မိုင်းမတော်တဆမှုကြောင့် PDF-Zoland မှ အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုးနှင့် ချင်းအမျိုးသားတပ်မတော် (CAN) မှ ဆလိုင်း ကျူံးလျန်ဆန်တို့ ကျဆုံးခဲ့သည်။

စစ်တပ်က ရဟတ်ယာဉ်နှင့် လာရောက် ပစ်ခတ်မှုများအပြီး ၎င်းတို့ ထောင်ထားသော မိုင်းကို ပြန်လည် သွားစစ်ကြည့်ရာ မှ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပြီး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

အလားတူ CDF-Mindat အဖွဲ့တွင်လည်း မိုင်းမတော်တဆမှု များကြောင့် ငါးဦး သေဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့သည်။

ထို့အပြင် CNA တပ်ဖွဲ့မှ မိုင်းဆရာ တပ်ကြပ် ဆလိုင်းဗန်ဆွေလျန်သည်လည်း ဇန်နဝါရီလ ၁၂ ရက် နေ့တွင် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ကွယ်လွန်ခဲ့ပြီး တခြားရဲဘော်တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ကလည်း CDF-Matupi မိုင်းဌာနမှ ရဲဘော်ဆလိုင်းပါအွမ် (Salai Pa Awm ) သည် ဖောက်ခွဲရေးမိုင်း စမ်းသပ်ရင်း မိုင်းမတော်တဆမှုကြောင့် ထိခိုက် ကျဆုံးခဲ့သည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် လက်နက်အင်အား မမျှသဖြင့် CAN တပ်နှင့် အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များက မိုင်းထောင်ခြင်း၊ မိုင်းဆွဲခြင်းနှင့် ချုံခို တိုက်ခိုက်နည်းများ ကိုသာ အဓိကထား အသုံးပြုပြီး တိုက်ခိုက်နေသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...