စစ်တပ်ထုတ်ကုန်များရောင်းချနေသည့် ဆိုင်များကို ကေအိုင်အိုက စစ်ဆေးအရေးယူ

စစ်တပ်ထုတ်ကုန်များရောင်းချနေသည့် ဆိုင်များကို ကေအိုင်အိုက စစ်ဆေးအရေးယူ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်ထုတ်ကုန်များ ရောင်းချနေသည့် ဆိုင်များကို ကေအိုင်အိုအုပ်ချုပ်ရေးရုံးမှ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဆက်တိုက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ ဝင်ငွေအမြောက်အများရရှိနေသည့် စစ်တပ်ထုတ်ကုန် ဘီယာများကို ဇန်နဝါရီ ၁၀ ရက် နေ့ နောက်ဆုံးထားပြီး မရောင်းချရန် ကေအိုင်အိုအုပ်ချုပ်ရေးရုံးမှ သတိပေးစာထုတ်ပြန်ထားခဲ့ပြီဖြစ်သည်။

ယခုကဲ့သို့ သတိပေးစာ ထုတ်ပြန်ထားပြီးနောက်တွင် ဆက်လက် ရောင်းချနေသေးသည့် ဆိုင်များအား လိုက်လံစစ် ဆေးပြီး စစ်ဆေးတွေ့ရှိရသည့် ဆိုင်များမှ စစ်တပ်ထုတ်ကုန် ဘီယာများကို ဖျက်ဆီးခြင်း၊ ဒဏ်ငွေ ဆောင်ခိုင်းခြင်းများ လတ်တလောလုပ်ဆောင်နေကြောင်း ကေအိုင်အိုအုပ်ချုပ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ဆို သည်။

"KIO အစိုးရကတော့ လုပ်စရာရှိတာ တဖြည်းဖြည်းအသွင်ယူလုပ်ဆောင်လာနေပြီဖြစ်သလို ပြည်သူတွေကလည်းပဲ ပူးပေါင်းပါဝင်ကြဖို့

လိုအပ်ပါတယ်။" ဟု၎င်းက ဆိုသည်။

ကေအိုင်အိုအုပ်ချုပ်ရေးရုံးမှ စစ်တပ်ထုတ်ကုန်များကို မရောင်းချရန် သတိပေးစာ ထုတ်ပြန်ပြီးနောက်တွင် မြစ်ကြီးနားမြို့တွင်းရှိ ဆိုင်အချို့မှာ စစ်တပ်ထုတ်ကုန်ဘီယာများကို ရောင်းချမှုမရှိတော့ကြောင်း သိရသည်။

စစ်တပ်ထုတ်ကုန်များကို သယ်ဆောင်လာမှု မရှိစေရေး ကားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ဆေးအရေးယူနေသည့်အပြင် ကချင်ပြည်နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးများ၌ ကေအိုင်အေတပ်ဖွဲ့ဝင်များက စစ်ဆေးအရေးယူနေကြောင်း သိရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...