မိုးခေါင်သည့်အတွက် စိုက်ပျိုးထားသော စီပီပြောင်းခင်းများ ပျက်စီး

မိုးခေါင်သည့်အတွက် စိုက်ပျိုးထားသော စီပီပြောင်းခင်းများ ပျက်စီး
by -
ကန္တာရဝတီတိုင်း(မ်)
မိုးခေါင်သည့်အတွက် စိုက်ပျိုးထားသော စီပီပြောင်းခင်းများ ပျက်စီး (ဓါတ်ပုံ-ကေတီ)
မိုးခေါင်သည့်အတွက် စိုက်ပျိုးထားသော စီပီပြောင်းခင်းများ ပျက်စီး (ဓါတ်ပုံ-ကေတီ)
ယခုနှစ် စိုက်ပျိုးရာသီအတွင်း မိုးရွာသွန်းခြင်းမရှိသည့်အတွက် စိုက်ပျိုးထားသော စီပီပြောင်းခင်းများ အပင်ပေါက်ရောက်မှု နည်းနေပြီး ပျက်စီးမှုများနေကြောင်း ဒေါဆိုရှေး ကျေးရွာမှ ဦးပါစကွားလယ်က ပြောသည်။

"ဆယ်လုံး(ဆယ်စေ့) စိုက်မှ သုံးလုံးလောက် ပေါက်တယ်လေ" ဟု ပြောင်း ၁၀ ဧက စိုက်ပျိုးထားသော ဦးပါစကွားလယ်က ပြောသည်။

ဒေါဆိုရှေ့ကျေးရွာတွင် အိမ်ထောင်စု ၁၇ စု ရှိပြီး တစ်အိမ်ထောင်လျှင် အနည်းဆုံး ၁၀ ဧက ဝန်းကျင်စိုက်ပျိုးကြကြောင်း ကယားပြည်နယ် မြို့နယ်တော်တော်များများတွင် စီပီပြောင်းမျိုးကို စိုက်ပျိုးကြကြောင်း သိရသည်။

ယခုလိုပြောင်းပင်များ ပျက်စီးမှုများနေသည့်အတွက် ငွေးကြေး တတ်နိုင်သူအချို့က ပြန်လည် စိုက်ပျိုးနိုင်ကြသော်လည်း အဆင်မပြေသည့် သူများမှာ အခက်အခဲ ကြံုတွေ့နေကြရသည်။

"စီပီပြောင်းကဝယ်ရတာလည်း စျေးများတယ်။ မြေသြဇာလည်း စျေးများတဲ့ခါကျတော့ မအောင်မြင်ရင် ကျမတို့ ဒုက္ခရောက်သွားမှာပေါ့" ဟု ခြောက်မိုင်ရွာမှ ဒေသခံတဦးက ဆိုသည်။

ဒေသခံများ စိုက်ပျိုးသော စီပီပြောင်းမျိုးစေ့များမှာ တစ်ထုပ်လျှင် ၁၉၀၀၀ ကျပ်ဖြင့်ဝယ်ယူရပြီး ၁ ဧကလျှင် ၁ ထုပ်နှုန်းဖြင့် စိုက်ပျိုးထားရသည်ဟု သိရသည်။

မိုးခေါင်ရေရှားပါးသည့်အတွက် ဒေါဆိုရှေးကျေးရွာနည်းတူ အခြားသော ဒေသများတွင်းလည်း သီးနှံဖြစ်ထွန်းမှု နည်းနေကြောင်း သိရသည်။

မိုးရွာသွန်းမှု နည်းခြင်းကြောင့် ကယားပြည်နယ်အတွင်းရှိ ဒေသအတော်များများတွင်း စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ အခက်ကြံုကြရသည့်အပြင် သောက်သုံးရေရှားပါးမှု များကြံုတွေ့နေကြရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...