Published
Friday, January 21, 2022
တီးတိန်နဲ့ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ချင်းပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ
ချင်းပြည်နယ်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD လွှတ်တော်ကိုယ်စားလှယ် ဦးရှန်မန်းရဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ပါတယ်။
ကလေး-တီးတိန်အကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး ကုန်ဈေးနှုန်း ၂ ဆလောက်မြင့်တက်နေပါတယ်။






