လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အိမ်တစ်လုံးပျက်စီး

လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အိမ်တစ်လုံးပျက်စီး
 ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

လွိုင်ကော်မြို့နယ် ဒေါဥခူရပ်ကွက် အထွေထွေအုပ်ချုပ်ရေး စုပေါင်းခရိုင်ရုံးမှာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်း ကပြောပါတယ်။

ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ နဲ့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့က ထုံးစံအတိုင်း ဒီမြို့ပြပျောက်ကျားကို အခါအားလျှော်စွာလုပ်တယ်။ မြို့ပြပျောက်ကျားဆိုတာ ကျနော်တို့က တိုက်ပွဲအကြီးကို ပုံဖော်တဲ့ ပုံစံ ကျနော်တို့မြို့ပြ ပျောက်ကျား သဘောသဘာဝက ကျနော်တို့က နိုင်တဲ့နေရာကို ရွေးတိုက်ရတဲ့ ပုံစံမျိုးဘဲ။ အဲ့ကြောင့် ကျနော်တို့ နိုင်နိုင်မယ့်နေရာကို ရွေးတိုက်တယ်။ အဲ့ကြောင့်မလို့ မနေ့က မနက် ၁၂ခွဲကျော်ကျော်လောက်မှာ ဒီဒေါဥခူ ကျောက်ပြားတံတားအောက်မှာ ရှိတဲ့ ထွေအုပ်ခရိုင် စုပေါင်းရုံးကို ကျနော်တို့မနေ့က ဝင်တိုက်ခဲ့တယ်။” KDF ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်း ကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ ပြီး ဒေါဥခူရပ်ကွက်ထဲက ဒေသခံနေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“ ကျနော်တို့ ပြည်သူရဲ့ အိမ်ကို ကာကွယ်ဖို့ အဓိက ဦးစားပေးတာပေါ့နော။ ဒါပေမယ့် သူတို့ အဲ့လိုမျိုး လက်နက်ကြီးတွေနဲ့ တအားကြီး ရမ်းသမ်းပစ်ခတ်လို့ အိမ်တစ်လုံးတော့ ပျက်စီးဆုံးရှုံးမှု တစ်ခုရှိသွားတယ်ဗျ။“ လို့ ကိုလင်းလင်းကပြောပါတယ်။

တိုက်ပွဲအတွင်း ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)၊ GZ – 21( Loikaw) ၊ JPDF အဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...