အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ကဝန်ကြီးဟောင်းငါးဦးကို ထောင်ဒဏ်အသီးသီးချမှတ်

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ကဝန်ကြီးဟောင်းငါးဦးကို ထောင်ဒဏ်အသီးသီးချမှတ်

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)ဖြင့် ယနေ့ ဇန်နဝါရီလ ၁၉ရက်နေ့တွင် ပြည်နယ်တရားရုံးမှ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကို အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း ရှေ့နေ့ထံမှသိရသည်။

ဝန်ကြီးဟောင်းငါးဦးကို စွဲဆိုထားသည့်အမှုမှာ ပြစ်မှုမြောက်သည့်ဟုဆိုကာ ပြည်နယ်တရားရုံးမှ ယင်းသို့အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ့ ကိုကျော်စိုလင်းကပြောသည်။

“ဒီနေ့က ဝန်ကြီးချုပ်အပါအဝင်လေးဦးပေါ့၊ အပြီးသတ်အမိန့်ချတယ်။ အမှုမြောက်တာကြောင့် ချမှတ်လိုက်တာဖြစ်တယ်”ဟု ပြောသည်။

ဝန်ကြီးဟောင်းငါးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အမှု ၄ မှုဖြင့်စွဲဆိုထားခြင်းဖြစ်ပြီး နံပါတ်(၁)အမှုမှာ ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံကြား သောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ ညွှန်ကြားချက်ပါ တင်ဒါစည်းမျဉ်းစည်ကမ်းနှင့်မညီဘဲ ဆက်စပ်ကုမ္ပဏီတစ်ခုကိုစာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကုမ္ပဏီကိုငွေကြေးများပေးဆောင်ခြင်း စသည့်စွဲချက်ချက်အမှုအတွက် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်လွင်တို့ကို ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခဲ့သည်။

ထို့ပြင် နံပါတ်(၂)အမှုမှာ ဦးကျော်အေးသိန်း၊ ဦးညီပု၊ ဦးအောင်ကျော်ဇံတို့မှာ  စစ်တွေမြို့ရှိ Glorious Saw Co.ltd အား စီစစ်ဆောင်ရွက်မှုမရှိဘဲ ဒေသခံများအလုပ်ရရှိရေးခေါင်းစဉ်ဖြင့် လုပ်ငန်းမလည်ပတ်ဘဲ ငွေကြေးထောက်ပံ့သည့်အတွက် ထောင်ဒဏ် (၃)နှစ်စီ၊ အမှုနံပါတ်(၃)မှာ ဦးညီပု၊  ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့မှာ ဝန်ကြီးတာဝန်ယူခဲ့စဉ်ကာလက ပြည်နယ်စာရင်းစစ်ချုပ်၏အစီရင်ခံစာအရ ၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့ စာရင်းဖွင့်လက်ကျန်ငွေ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီရန်ပုံငွေများကို ဘဏ္ဍာရေးစည်းကမ်းစည်းမျဉ်းနှင့်မညီဘဲ သုံးစွဲခဲ့သည်မှုအတွက် ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခဲ့သည်။

နံပတ် (၄)အမှုအတွက် စည်ပင်ဝန်ကြီးချုပ်ဟောင်း ဦးမင်းအောင်မှာ ၎င်းဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလက ပြည်နယ်အစိုးရ၏ ရန်ပုံငွေတွင်ပါဝင်ခြင်းမရှိ၊ လွှတ်တော်၏ခွင့်ပြုချက်မရှိဘဲ တောင်ကုတ်မြို့မဈေးအပါအဝင် ဈေး(၅)ဈေးကို တင်ဒါစည်းကမ်းနှင့်မညီဘဲ ငွေကြေးအပိုပေးမှုျကြာင့် ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅ဝ၅(ခ)ဖြင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့ပြီးဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ သမိီးဖြစ်သူ မကြည့်ကြည့်ဦးက “အခုလိုချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ထွေထွေထူးထူးပြောစရာမရှိပါဘူး၊ ဒါကတော့ သူတို့ချချင်တိုင်းချ၊ လုပ်ချင်တိုင်းလုပ်နေကြတာဆိုတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး”ဟု ဆိုသည်။

ရခိုင်ဝန်ကြီးဟောင်းများမှာ ယခုအမှုနှင့်ပတ်သက်ပြီး အယူခံတက်သွားမည်ဖြစ်ကြောင်းလည်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှှေ့နေများထံမှသိရသည်။

ယင်းအပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၂၂)ရက်နေ့က ဦးညီပုနှင့် ဦးမင်းအောင်တို့ နှစ်ဦးကို ပုဒ်မ(၅၅)အပြင် မဲမသာမှုပြုလုပ်သည်ဟုဆိုကာ ရွေးကောက်ပွဲနှင့်ဆိုင်သည့်ပုဒ်မတစ်ခုဖြစ်သည့် ပုဒ်မ- ၁၃ဝ(က)ဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့က ထပ်မံတရားစွဲထားပြီး ဦးမင်းအောင်သည် ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ မဲမသာမှုပြုလုပ်သည်ကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ-၁ဝ၉ ဖြင့် ဇန်နဝါရီလ ၅ ရက်တွင် ထပ်မံတရားစွဲခံထားရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...