Published
Wednesday, January 19, 2022
BGF တပ်ဖွဲ့ဝင်တွေကို စကစတပ်ဖွဲ့ဝင်တွေနဲ့ ဆက်လက်ပူးပေါင်းခြင်းမပြုလုပ်ဖို့ KNU နောက်ဆုံးသတိပေး (ဇန်နဝါရီလ ၁၉၊ ၂၀၂၂)
- စစ်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေကြလို့ လေးကေကော်ဒေသအပါအဝင် ကျေးရွာ ၇ ရွာက စစ်ဘေးရှောင်တွေ သောင်ရင်းမြစ် မြန်မာဘက်အခြမ်းမှာ အစုအဖွဲ့အလိုက် ဘေးလွတ်ရာကို ထပ်မံရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။
- ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဆက်လက် ပူးပေါင်းခြင်း မပြုလုပ်ဖို့ KNU တပ်မဟာ (၅)ဘက်က နောက်ဆုံးသတိပေး ပြောဆိုလိုက်ပါတယ်။
- တစ်လကျော်ကြာလာပြီဖြစ်တဲ့ လေးကေကော်ဒေသတိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ ရက်ကြာလာတဲ့အပေါ် နောက်ဆက်တွဲ စားဝတ်နေရေးအတွက်လည်း စိုးရိမ်ပူပန်မှုတွေ ရှိလာနေပါတယ်။






