BGF တပ်စခန်းကို သိမ်းခြင်းသည် သတိပေးအပြီး စတင် အရေးယူမှုဖြစ်ဟု KNU ပြော

BGF တပ်စခန်းကို သိမ်းခြင်းသည် သတိပေးအပြီး စတင် အရေးယူမှုဖြစ်ဟု KNU ပြော

ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်စခန်းကို ပထမဦးဆုံး စတင်အရေးယူမှု အဖြစ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU) တပ်မဟာ (၅) က ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။

မူတြော်ခရိုင် (ဖာပွန်)၊ ဒွယ်လိုးမြို့နယ် မဲပလိ ကျေးရွာရှိ ကရင် နယ်ခြားစောင့်တပ် (BGF) ၏ တပ်ရင်း (၁၀၁၄) လက်အောက်ခံ မဲပလိ တပ်စခန်းကို KNLA တပ်မဟာ (၅) ၊ တပ်ရင်း (၁၀၂)၊ တပ်ခွဲ (၄) က ဦးဆောင်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်တိုက်ခိုက် သိမ်းယူပြီး တပ်စခန်းကို မီးရှို့ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

“BGF အား နောက်ဆုံး သတိပေးစာ ထုတ်ပြန်အပြီး  KNLA တပ်မဟာ (၅) ၏ ပထမဆုံး အရေးယူ အကောင်အထည် ဖော်လိုက်သည့် စခန်းသိမ်း တိုက်ပွဲ ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) များအနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်းနေပါက တိုက်ခိုက်  သွားမည်ဟု KNLA တပ်မဟာ (၅) က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် နောက်ဆုံး သတိပေးချက် ထုတ်ပြန်ပြီးနောက် မဲပလိ BGF တပ်စခန်း တိုက်ခိုက် ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ မဲပလိ စခန်းသိမ်း တိုက်ပွဲအတွင်း BGF တပ်ဖွဲ့ဝင်များက ကိုယ်လွတ်ရုန်းကာ စခန်းကို စွန့်ခွာ ထွက်ပြေး သွားခဲ့ကြပြီး ထိခိုက် ကျဆုံးမှု တိတိကျကျ မသိရသေးကြောင်း KNLA ဘက်က ပြောဆိုသည်။

BGF တပ်စခန်း တိုက်ခိုက် ခံလိုက်ရသော ဒွယ်လိုးမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့သည့် သီတင်းပတ်အတွင်း သုံးရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဗုံးသီးထိမှန်၍ ပြည်သူတစ်ဦး သေဆုံးကာ စာသင်ကျောင်းများ၊ ဆေးပေးခန်းများနှင့် နေအိမ်များလည်း ထိခိုက် ပျက်စီးမှုများ ရှိခဲ့သည်။

KNLA တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ် မြို့နယ်ရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်နေသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...