NUG အပါအဝင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲကို RCSS လိုလား

NUG အပါအဝင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲကို RCSS လိုလား

သျှမ်းပြည်လည်ထူထောင်ရေးကောင်စီ (RCSS /SSA) အနေဖြင့် သက်ဆိုင်ရာ အစုအဖွဲ့တိုင်း မပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများကို လက်မခံနိုင်ဘဲ သက်ဆိုင်သူ အားလုံး ပါဝင်ဖြေရှင်းရေးကိုသာလိုလားကြောင်း ပြောဆိုလိုက်သည်။

RCSS ၏ ယနေ့ ဇန်နဝါရီလ ၁၈ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာသော တတိယအကြိမ် ကောင်စီကွန်ဂရက် ထုတ်ပြန်ကြေညာချက်တွင် စကစ(စစ်ကောင်စီ) ခေါင်းဆောင်၏ နိုင်ငံရေးဆွေးနွေးရန်ဖိတ်ခေါ်မှုသည် လက်ရှိ အထွေထွေနိုင်ငံရေး အကြပ်အတည်းဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအရေး ရည်မှန်းပါက ကြိုဆိုကြောင်းပါရှိရာ ထိုကဲ့သိုထုတ်ပြန်ချက်မှာ စစ်ကောင်စီနှင့်သွားရောက်ဆွေးနွေးမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကပြောပါသည်။

"ကျွန်တော်တို့ အနေနဲ့ နှစ်ပေါင်း ၇၀ ကျော်တိုက်လာတာ အခုချိန်ထိ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ အဲ့ဒီတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ အဖြေရှာရမယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ တွေ့ဆုံ ဆွေးနွေးတယ်ဆိုတဲ့ နေရာမှာ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့စိတ်နဲ့ ဟိုတစ်ဖွဲ့မပါဘူး၊ ဒီတစ်ဖွဲ့မပါဘူး အဲ့လိုလုပ်လို့မရဘူး။ အားလုံးပါဝင်ဖို့ လိုတယ်။ ကျွန်တော်တို့အနေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရင်လို့ ပြောထားတာဖြစ်ပြီးတော့ တွေ့ဆုံမယ်လို့ ပြောတာမဟုတ်ဘူးဗျ" ဟုပြောပါသည်။

နိုင်ငံရေးအကြပ်အတည်းကို သက်ဆိုင်ရာအင်အားစုအားလုံး ပါဝင်ဖြေရှင်းရေးဟု RCSSကဆိုရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )လည်း ပါဝင်ကြောင်း ဗိုလ်မှူးခမ်းစံကပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊သီပေါနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့တို့တွင် RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်ဘေးရှောင် ပြည်သူ ထောင်ချီရှိနေသည်။

RCSS ၏ တတိယအကြိမ် ကွန်ဂရက်ကို ဇန်နဝါရီလ ၁၆ နှင့် ၁၇ ရက်များတွင် ဌာနချုပ် လွယ်တိုင်းလျန်း၌ ကျင်းပခဲ့ပြီး အချက် ရှစ်ချက်ပါထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...