" ဗဟို CEC (အလုပ်အမှုဆောင်အဖွဲ့) ရွှေဂုံတိုင် ရုံးချုပ်ကထွက်တာမဟုတ်ဘူး ။ ခုကိစ္စက ဘဲဥပုံတံဆိပ် နဲ့ နေပြည်တော်ကထွက်တာ ။ ဦးဝင်းထိန် အနေနဲ့ သူအလျဉ်းသင့်တဲ့လူတွေကိုပဲထားရှိတာ သူနဲ့သိပ်ပြီး ပူးပူးတွဲတွဲမရှိတဲ့လူတွေကို အကုန်လုံးကို ထုတ်ပစ်လိုက်တာ ၊ သူအနေနဲ့ သူ့လူတွေကို အစားထိုးဖို့ပြင်ဆင်တဲ့ သဘောပေါ့ " ဟု ၄င်းကပြောသည် ။
NLD ပါတီ ၏ တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် (၁၄) ဦး အား အလုပ်မှု ဆောင်အဖွဲ့ဝင်များအဖြစ်မှ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်လက်မှတ် ဖြင့် ဂျူလိုင်လ (၁) ရက်နေ့က ထုတ်ပယ်လိုက်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်) ၏ အကြောင်းကြားစာအရသိရသည် ။
"ရုံးနဲ့ကင်းကွာနေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ထုတ်တာပေါ့ ။ ရုံးနဲ့ကင်းကွာနေတာ မဟုတ်ဘူး လုပ်စရာရှိတာ တွေကို ရုံးမှာထိုင်ပြီးမှ လုပ်လို့ရတာမ ဟုတ်ဘူး ပြည်သူလူ ထုအတွက်လိုအပ်တဲ့ ကိစ္စရွာတွေ ရပ်ကျေးရုံးတွေ အကုန်လုံး သွားရတာပဲ လုပ်နေတာ ပဲ ၊ NLD ပါတီဟာ ဒီမိုကရေစီပါတီဖြစ်တယ် ၊ အာဏာရှင်ကိုတိုက်ထုတ်ခဲ့တဲ့ပါတီဖြစ် တယ် ဒီမိုကရေစီဆိုတာ အများဆန္ဒရဲ့သဘောတွေနဲ့ဆုံးဖြတ်ရမယ် အဲ့ဒီလိုမဟုတ်ပဲ အဲ့တာကိုတော့ ကျနော်တို့လက်မခံဘူး ဗဟို CEC အဖွဲ့ကို တင်ပြသွားဖို့ ရှိတယ် " ဟု ဦးမောင်မောင်က ဆက်ပြောသည် ။
အဆိုပါ အကြောင်းကြားစာတွင် တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ သည် အဖွဲ့ချုပ်ဝင်များအတွင်းစိတ်ဝမ်းကွဲအောင် လှုံ့ဆော်မှုများပြုလုပ်ခဲ့ပြီး မြို့နယ်ရုံး သို့လာရောက်ခြင်းမရှိ ၊ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် အတွက် မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင်များအဖြစ်သတ်မျတ်ခြင်းမပြုတော့ ကြောင်းရေးသားဖော်ပြထားသည် ။
ယခုကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသားများ၏ အမြင်မှာအထင်သေးသွားစေမည့် တိုင်းရင်း သားများအယုံအကြည် မဲ့စေမည့် လုပ်ရပ်ဖြစ်နေပြီး ယခုထုတ်ပယ်လိုက် သည့် မြို့ နယ်အလုပ် အမှုဆောင်အဖွဲ့ဝင် များထဲတွင်တိုင်းရင်းသား များပါရှိနေ ကြောင်း ၊တိုင်းရင်းသားများအယုံအကြည်မဲ့စေမည့် ကိစ္စမျိုးလုပ်နေမည်ဆိုရင် ရှမ်းပြည်နယ်တွင်းရှိ NLD ပါတီ၏အနာဂါတ်သည် အင်တန်မှစိုးရိမ်စရာကောင်းပြီး ဗဟို CEC (အလုပ်အမှုဆောင်အဖွဲ့) ကပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းမှုမလုပ်ဘူး ဆိုလျှင်ရေရှည်ပါတီ၏အနာဂါတ် မကောင်းနိုင်ဘူးဟု ဦးမောင်မောင် ဆက်လက်ဝေဖန် သုံးသပ်သည် ။







