မတူပီမြို့နယ်မှာ ဒေသခံအမျိုးသား ၁ ဦး မိုင်းနင်းမိလို့ သေဆုံး

မတူပီမြို့နယ်မှာ ဒေသခံအမျိုးသား ၁ ဦး မိုင်းနင်းမိလို့ သေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ရွာမှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ မီဇိုရမ်စစ်ရှောင်စခန်းကနေ ငလိုင်ရွာက နေအိမ်ကို သန့်ရှင်းရေးလုပ်ဖို့ ပြန်ရောက်လာတဲ့ အသက် (၇၀)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မတူပီ ဒေသခံတစ်ဦးက “ဒီကနေ့ မနက် ၆ နာရီလောက်မှာ အိမ်သာသွားရင်း မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ သိရတယ်။ သူက မီဇိုရမ် စစ်ရှောင်စခန်းကနေ ငလိုင်ရွာက သူတို့နေအိမ်ကို သွားပြီး သန့်ရှင်းရင်းလုပ်ဖို့ သွားရင်း အခုလို မိုင်းနင်းမိပြီး သေဆုံးသွားတာဖြစ်တယ်” လို့ပြောပါတယ်။

မိုင်းနင်းမိလို့ သေဆုံးသွားတဲ့ အမျိုးသားဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်က စစ်ရှောင်စခန်းမှာ နှစ်နဲ့ချီ စစ်ဘေးရှောင်နေထိုင်ခဲ့ပြီးနောက် ၎င်းဇာတိရွာဖြစ်တဲ့ ငလိုင်ရွာက နေအိမ်ကို ပြန်လာနေထိုင်ဖို့ နေအိမ်သန့်ရှင်းရေးလုပ်ဖို့ နေရပ်ပြန်ရောက်တာ  ၁ လဝန်းကျင်ခန့် ရှိပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုအလွန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့  ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ လူဦးရေဟာ ၈၃ ဦးရှိခဲ့ပြီး မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၃၅ ဦး ကျော်ရှိခဲ့ပြီလို့လည်း ချင်းရေးရာအဖွဲ့အချုပ်ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...