စစ်ကောင်စီလက်ထက် လူမှုကွန်ရက်ပေါ် Live လွှင့်ကြေညာလာသော ပြည့်တန်ဆာလုပ်ငန်း

စစ်ကောင်စီလက်ထက် လူမှုကွန်ရက်ပေါ် Live လွှင့်ကြေညာလာသော ပြည့်တန်ဆာလုပ်ငန်း

ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်တွင်းက ပြည့်တန်ဆာလုပ်ငန်းတစ်ခုသည် ဇန်နဝါရီ ၁၅ ရက်နေ့ညက ဖေ့စ်ဘုတ်တွင် Live လွှင့်ကာ ကြေညာမှုပြုနေခဲ့ပြီး ၎င်းတို့လုပ်ငန်းသည် စစ်အာဏာသိမ်းပြီးကာလအတွင်း ဖမ်းဆီးမှုများမဖြစ်အောင်စီမံထားနိုင်ခဲ့သည်ဟုပါ အဆိုပါလုပ်ငန်း၏မန်နေဂျာဆိုသူက ပြောသွားခဲ့သည်။

သင်္ကန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်တွင်တည်ရှိသော Rainblow Myanmar သည်အနှိပ်ခန်းဟုဗန်းပြကာ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေ ရရှိနိုင်ကြောင်း အမျိုးသမီးငယ်များကိုပါပြသကာ စျေးနှုန်းများပါကြေညာသွားခဲ့သည်။

အဆိုပါပြည့်တန်ဆာလုပ်ငန်းကို ပေါ်ပေါ်ထင်ထင်လုပ်သော်လည်း စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးကာလ အာဏာပိုင်များနှင့်ချိတ်ဆက်ထားသည်ဟု မန်နေဂျာက Live တွင် ဝန်ခံပြောသွားသည်။

" ကျွန်တော် ၇လပိုင်း ၂ရက်နေ့က စပြီး ဒီမှာ အလုပ်လုပ်တာ ဆိုင်စဖွင့်ကတည်းက အလုပ်လုပ်တာပါ ကျွန်တော်လုပ်နေတာ ခြောက်လ ကျော်ရှိပါပြီ။ ဒီလို ဖမ်းတာတွေ အရှုပ်အရှင်းတွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် ဘာဖိအားပေးတာကိုမှ မကြုံဖူးဘူးဗျ။ လုံးဝအေးအေးဆေးဆေးပါပဲ။ လူကြီးပိုင်းဆိုင်ရာတွေနဲ့ အားလုံးအဆင်ပြေ ချောမွေ့အောင် သူတို့ဘာသာ လုပ်ထားပြီးသား အားလုံးစီစဥ်ထားပြီးသားပါ။ ဘယ်လိုပြသနာမှ ရှိလာစရာ ဘာအကြောင်းမှ မရှိပါဘူး'' ဟု သူက ပြောသည်။

Rainbow Myanmar ပြည့်တန်ဆာလုပ်ငန်းသည် ကနဦးက သာကေတတွင်ဖွင့်လှစ်ခဲ့ပြီး လှည်းတန်းသို့ပြောင်းရွှေ့ခဲ့ကာ မကြာသေးခင်ကမှ သင်္ကန်းကျွန်းမြို့နယ်သို့ထပ်မံပြောင်းခဲ့သည်။

"ဆိုင်က RK (Rich kids) သီးသန့်ကို အားကိုးတဲ့ဆိုင်မို့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လုံးဝထိန်းသိမ်းပေးပါတယ်။ ဆိုင်ကိုလာတဲ့ဧည့်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံးဝမပေါက်ကြားစေရဘူး။ ဓာတ်ပုံရိုက်တာမျိုး ကားတွေနဲ့ ပုံရိုက်တာမျိုး လုံးဝမရှိစေရဘူး'' ဟု မန်နေဂျာဆိုသူကပြောသည်။

Live လွှင့်ရာတွင် အမျိုးသမီးတစ်ဒါဇင်ခန့်ကို ပြသမိတ်ဆက်သွားခဲ့သည်။

တရားမဝင်ဖြစ်သည့် ပြည့်တန်ဆာလုပ်ငန်းသည် ယခင်ကတည်းကရှိသော်လည်း ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် Live လွှင့်ကြေညာရဲသည်ကတော့ ရှားရှားပါးပါးဖြစ်သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...