ပလက်ဝမြို့နယ်က သင်းအုပ်ဆရာအပါအဝင် ရွာသူ၊ ရွာသား ၂၅ဦးကို လူသားဒိုင်းအဖြစ်အသုံးပြု ဖမ်းဆီးထား

ပလက်ဝမြို့နယ်က သင်းအုပ်ဆရာအပါအဝင် ရွာသူ၊ ရွာသား ၂၅ဦးကို လူသားဒိုင်းအဖြစ်အသုံးပြု ဖမ်းဆီးထား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ တိုင်ဝအုပ်စု၊ ပါးဝကျေးရွာမှ အင်ဂလီကန်အသင်းတော် သင်းအုပ်ဆရာကြီး ဦးထန်နွဲ့ အပါအဝင် ရွာသူ၊ ရွာသား ၂၅ဦးအား ဇန်နဝါရီလ ၅ရက်တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပလက်ဝမြို့ရှိ ခမရ (၂၈၉ )တပ်ရင်းသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

''ဇန်နဝါရီလ ၄ရက်နေ့မှာ ဆမီးဗျူဟာအခြေစိုက်စစ်တပ်ကနေ ဆမီးချောင်းရိုး တစ်လျှောက် စစ်ကြောင်းထိုးကြတယ်။ အဲဒီမှာ ပါဝကျေးရွာထဲကို သေနတ်တွေပစ်ဖောက်ပြီး သူတို့ဝင်လာတာ၊ အင်္ဂလိကန် အသင်းတော်က ဆရာတော်ထန်နွဲ့ အပါအဝင် ရွာသား ၂၅ယောက်ကို ဖမ်းခေါ်သွားကြတယ်။ အခုတော့ ပလက်ဝ ( ၂၈၉ )တပ်ထဲ ပို့လိုက်တယ်ကြားတယ်။ ပြီးတော့အရင်အစိုးရလက်ထက်မှာ အုပ်ချုပ်ရေးမှူး လုပ်နေတဲ့ကျေးရွာကရွာလူကြီး ၁၃ဦးကိုလည်းအခု ဆမီးဗျူဟာမှာဖမ်းဆီးထားတယ်''ဟု ဆမီးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒလန်များ၏သတင်းပေးမှုကြောင့် CDF-ပလက်ဝ တပ်ရင်း (၁ )နယ်မြေကို စစ်ကောင်စီ ဆမီးဗျူဟာအခြေစိုက်စစ်ကြောင်းမှ အင်အား၁၃၀ကျော် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိ ရှောင်တိမ်းနိုင်ခဲ့သည် ဟုလည်း CDF-ပလက်ဝမှ သတင်းထုတ်ပြန်ထားသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...