မဏိပူရသူပုန်များနှင့် တွန်းဇံမြို့နယ်တိုက်ပွဲတွင် CNA ဗိုလ်မှူးတစ်ဦးကျဆုံး

မဏိပူရသူပုန်များနှင့် တွန်းဇံမြို့နယ်တိုက်ပွဲတွင် CNA ဗိုလ်မှူးတစ်ဦးကျဆုံး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ စဲနမ်ရွာ (Senam Khua) အနီးတွင် မဏိပူရ(ကသည်း)သူပုန် ပူးပေါင်း တပ်ဖွဲ့များနှင့် ဖြစ်ပွားသည့်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CAN မှ ဗိုလ်မှူး Ngun Vung ကျဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် ချင်းပြည်နယ် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များဘက်မှ နယ်မြေရှင်းလင်းရေး လုပ်ချိန်တွင် မဏိပူရ(ကသည်း)သူပုန် ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွားဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''တိုက်ပွဲဖြစ်ရတာကတော့ ကျွန်တော်တို့တပ်တွေကအဲဒီဘက်မှာနယ်မြေ ရှင်းလင်းရေးလုပ်နေကြတာ။ ဘာလို့လဲဆိုရင် ကသည်းသူပုန်တွေက ဒေသခံရွာသားတွေကို ဘိန်းစိုက်ခိုင်းပြီး အခွန်တွေကောက်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ ထိတွေ့မှုဖြစ်တယ်။နောက်ပြီး စစ်ကောင်စီကလည်း သူတို့ကိုလက်နက်တွေ ထောက်ပံ့နေတယ်လို့ ကျွန်တော်တို့ သိထားရတယ်။တိုက်ပွဲမှာ ကျွန်တော်တို့ ဘက်ကဗိုလ်မှူးတစ်ဦး ကျဆုံးသလိုသူတို့ဘက်မှာလည်း ဗိုလ်မှူးတစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရတယ်''ဟုCNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက ပြောသည်။

အိန္ဒိယနိုင်ငံ မဏိပူ (ကသည်း) သူပုန်များအား စစ်ကောင်စီမှလက်နက်များထောက်ပံ့ အားပေးကူညီလျက်ရှိကြောင်းသိရပြီး ၎င်းတို့သည် မဏိပူရ ပြည်နယ်တွင်အခြေစိုက်၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်းလည်းသိရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...