အင်တာနက်စျေးနှုန်းများတိုးမြင့်ကောက်ခံပြီးနောက် ကျေးလက်ဒေသမှာ အသုံးပြုသူ လျှော့ကျလာ

အင်တာနက်စျေးနှုန်းများတိုးမြင့်ကောက်ခံပြီးနောက် ကျေးလက်ဒေသမှာ အသုံးပြုသူ လျှော့ကျလာ

စစ်ကောင်စီက အင်တာနက်စျေးနှုန်းတွေ တိုးမြင့်ကောက်ခံပြီးနောက် ကျေးလက်ဒေသတွေမှာ အသုံးပြုသူ လျှော့ကျလာကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီက အင်တာနက်စျေးနှုန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး နှစ်ဆတိုးမြင့်ကောက်ခံခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီက ဆင်းကဒ်စျေးနှုန်းကိုလည်း တစ်ကဒ် ၁၅၀၀ ကနေ ၂ သောင်းကျပ်အထိ တိုးမြင့်တဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့ပါတယ်။

ဒီလိုစျေးနှုန်းမြင့်တက်လာမှုနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦး ပြောပြတာက …

“ ပြည်သူတွေက လောလောဆယ် စားဝတ်နေရေး ဆင်းရဲတဲ့ကြားထဲ ဆင်းကဒ်တွေဘာတွေတက်တော့ အဆက်အသွယ်လုပ်ရတာခက်တာပါ့ ဆင်းရဲသားတွေအနေနဲ့မတတ်နိုင်ဘူး ။ ဆင်းကဒ်စျေးနှုန်းလည်းကျစေချင်တယ်။ ပြီးတော့ ကျွန်တော်တို့ အင်တာနက် စျေးနှုန်းတွေကလည်း လျှော့စေချင်တာပါ့ သူတို့အမြတ်ထုတ်တာများလွန်းတယ်။ တစ်ထောင်ထည့်လိုက်ရင် တစ်ရက်တောင် အင်တာနက်ကြည့်လို့မရဘူးကွ ၊ အခုက အင်တာနက်တောင်မတက်နိိုင်တော့ဘူး “ ဟု ပြောဆိုပါတယ်။

ရှမ်းနီအသံသတင်းဌာနက ဆက်သွယ်မေးမြန်းတဲ့ အင်းတော်ကြီး ၊ ဟုမ္မလင်း ၊ ဗန်းမောက်မြို့နယ် က ကျေးလက်နေပြည်သူတွေက အင်တာနက်စျေးနှုန်းများမြင့်တက်မှုတွေကြောင့် လက်ရှိမှာ အသုံးမပြုကြောင်း ပြောဆိုကြပါတယ်။

စီးပွားရေးကြပ်တည်းမှု ၊ အလုပ်အကိုင်ရှားပါးမှုတွေ ၊ ကုန်စျေးနှုန်းမြင့်တက်မှုတွေနဲ့ ဝင်ငွေနည်းပါးလာမှုတွေကြောင့် အသုံးမပြုနိုင်ခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

စစ်ကောင်စီရဲ့ အင်တာနက်စျေးနှုန်းတိုးမြင့်ကောက်ခံခြင်းက သတင်းအချက်အလက်စီးဆင်းမှု ကန့်သတ်ခြင်း ၊ သတင်းအချ်ကအလက်မှန်ရရှိနိုင်ခြင်းကို ကန့်သတ်တားမြစ်ခြင်းဖြစ်တယ်လို့ NUG က ဇန်နဝါရီလ (၉)ရက်နေ့မှာ ပြောဆိုထားပါတယ်။

May 13, 2026
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့မှာ ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)...
May 12, 2026
၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို...
May 8, 2026
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆...
May 7, 2026
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ...