ထားဝယ်မြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေဟု သတင်းထွက်ပေါ် လုံခြုံရေးတင်းကျပ်

ထားဝယ်မြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေဟု သတင်းထွက်ပေါ် လုံခြုံရေးတင်းကျပ်
ပုံစာ- ထားဝယ်မြို့ ဇန်နဝါရီ ၁၃ရက် နံနက်ခင်း မြင်ကွင်း။ ဓာတ်ပုံ -ဖိုးဇော်
ပုံစာ- ထားဝယ်မြို့ ဇန်နဝါရီ ၁၃ရက် နံနက်ခင်း မြင်ကွင်း။ ဓာတ်ပုံ -ဖိုးဇော်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် ၂၇ ဦး ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ရှိနေကြာင်း သတင်းများ ထွက်ပေါ်နေပြီး တစ်မြို့လုံး လုံခြုံရေး တင်းတင်း ကျပ်ကျပ် ချထားကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့ခံ တစ်ဦးက"မင်းအောင်လှိုင်နဲ့ အဖွဲ့ ထားဝယ်မြို့ကို ဒီကနေ့ မနက်မှာ ရောက်နေပြီလို့တော့ ကြားတယ်၊ ဘာလာလုပ်တယ် ဘယ်သွားမယ် ဆိုတာ တိတိကျကျ မသိရသေးပါဘူး၊ လုံခြုံရေးတွေတော့ တစ်မြို့လုံးကို တင်းတင်းကျပ်ကျပ် ချထားတာ တွေ့ရတယ်"ဟု ပြောသည်။

စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် ထားဝယ်မြို့ရှိ လောကမာရဇိန် ဘုရားကြီးသို့ သွားရောက်မည်ဆိုသည့် သတင်း ထွက်ပေါ်နေသော်လည်း သီခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...