ကျိုက်ထို CDM ပညာရေးဝန်ထမ်းများကို ဖမ်းဆီးအရေးယူရန် စစ်ကောင်စီညွှန်ကြား

ကျိုက်ထို CDM ပညာရေးဝန်ထမ်းများကို ဖမ်းဆီးအရေးယူရန် စစ်ကောင်စီညွှန်ကြား
စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့သည့်အပေါ် အ.ထ.က ကျိုက်ထိုရှိဆရာ၊ဆရာမများ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ခဲ့စဉ်။
စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့သည့်အပေါ် အ.ထ.က ကျိုက်ထိုရှိဆရာ၊ဆရာမများ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ခဲ့စဉ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီမှ ယမန်နေ့(ဇန်နဝါရီ ၁၂ ရက်)တွင်ညွှန်ကြားသည့်စာထွက်ပေါ်လာကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများမှာ နာမည်ထွက်ပေါ်လာသူ ၁၃ ဦးကို စစ်ကောင်စီလက်အောက်ခံအဖွဲ့က အင်အားသုံးဖမ်းဆီးရန်ညွှန်ကြားစာတစောင်ထွက်ပေါ်လာမှုကြောင့် CDM ပညာရေးဝန်ထမ်းများရှောင်ရှားကြရန် အချင်းချင်းသတိပေးပြောဆိုထားကြောင်း ကျိုက်ထို CDM ပညာရေးဝန်ထမ်းလှုပ်ရှားသူတစ်ဦးမှ DMG ကိုပြောသည်။

"ကျိုက်ထိုမြို့နယ်မှာ CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေထဲက နာမည်ထွက်နေတဲ့(၁၃)ဦးကိုဖမ်းဆီးဖို့အတွက် စစ်ကောင်စီမှညွှန်ကြားစာတစ်စောင်ထွက်ပေါ်လာတယ်။ အဲဒါကြောင့် အချင်းချင်းသတိပေးတာတွေတော့ရှိပါတယ်။ နာမည်မပါတဲ့သူတွေကိုလဲ သတိထားပြီးနေဖို့ရှောင်သင့်ရင်ရှောင်ကြဖို့ပေါ့။ အဲတာတွေလဲ ထပ်ပြီးအသိပေးထားပါတယ်"ဟု ၄င်းမှပြောသည်။

ကျိုက်ထိုမြို့နယ်တွင် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းဦးရေ ၁၀၀ ကျော်ရှိနေပြီး အများစုမှာ မြို့နယ်နှင့်နီးစပ်သည့် ကော့စံနိုင်ရပ်ကွက်၊ တောင်သူစုရပ်ကွက်နှင့် မြို့တွင်းရှိအခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းတို့မှဖြစ်ကာ မွန်ပြည်နယ်တွင် CDM ပညာရေးပြုလုပ်မှု အနည်းဆုံးမြို့နယ်တစ်ခုလည်းဖြစ်သည်။

CDM ပညာရေးဝန်ထမ်းများကို စစ်ကောင်စီမှဖမ်းဆီးရန်ညွှန်ကြားထားသည်မှာ အဓိကအားဖြင့် လက်ရှိခန့်အပ်ထားသည့်ဆရာ၊ဆရာမများမှာ စာသင်ကြားမှုအတွေ့အကြုံမရှိသည့်အပြင် ဆွဲခန့်သဘောဖြစ်နေသည့်အတွက် ပညာရေးဝန်ထမ်းများအပေါ်တမင်ခြိမ်းခြောက်အကြပ်ကိုင်ခြင်းသာဖြစ်နေကြောင်း CDM ပညာရေးလှုပ်ရှားသည့် ကျောင်းဆရာတစ်ဦးမှဆိုသည်။

"စစ်ကောင်စီက အာဏာစသိမ်းခါစကနေအခုအထိ ပညာရေးဝန်ထမ်းတွေမခန့်နိုင်သေးဘူး။ ခန့်ထားတဲ့သူတွေကလဲ တစ်ယောက်မှအတွေ့အကြုံမရှိဘူး။ တချို့ဆိုရင် စာသင်ဖို့ထက် ကျူရှင်သင်ဖို့ကိုပိုအားသန်နေကြတယ်။ စာသင်ကြားမှုကလဲ တော်တော်ကိုညံ့ပါတယ်။ အဲဒါကလည်း ပညာရေးမှာ စစ်ကောင်စီကလုံးဝကျရှုံးနေပြီဆိုတာပြနေတာ။ ကျောင်းတွေလည်းသေချာဖွင့်လာနိုင်တာလဲမရှိဘူး။ အဲဒါတွေကြောင့် စစ်ကောင်စီက တမင်တကာကိုအကြပ်ကိုင်လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ အခုလိုထပ်မံဖမ်းဆီးဖို့လုပ်ဆောင်တာဖြစ်ပါတယ်"ဟု ၄င်းမှဆိုသည်။

လက်ရှိအချိန်အထိ ကျိုက်ထိုမြို့နယ်အနီးအနားကျေးရွာတို့တွင် CDM ပြုလုပ်ထားသည့်ပညာရေးဝန်ထမ်းများမှ အချို့မှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ ခိုလှုံတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...