ကြည့်မြင်တိုင်သပိတ်တွင် အဖမ်းခံရသည့် အမျိုးသမီး သတင်းထောက် ဒဏ်ရာမသက်သာခင် စစ်ကြောရေးပို့ခံရ

ကြည့်မြင်တိုင်သပိတ်တွင် အဖမ်းခံရသည့် အမျိုးသမီး သတင်းထောက် ဒဏ်ရာမသက်သာခင် စစ်ကြောရေးပို့ခံရ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်သပိတ်စစ်ကြောင်းတွင် သတင်းလိုက်ပါ ရယူရင်း အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသည့် MPA မှ အမျိုးသမီးသတင်းထောက်မှာ ဒဏ်ရာအရှင်း မသက်သာသေးသော်လည်း ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ရွှေပြည်သာစစ်ကြောရေးသို့ ခေါ်ဆောင်ခံခဲ့ရသည်ဟု သိရသည်။

“မမှူးရတနာခက်မို့မို့ထွန်းကို ဒီကနေ့ နံနက်က စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ သူ့ရဲ့လက်ရှိကျန်းမာရေးအခြေအနေဆိုရင် ခြေထောက်ကတော့ အရမ်းမသက်သာသေးဘူး။ ကျန်တာမသိရသေးပါဘူး” ဟု MPA မှ တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

သတင်းထောက် မှူးရတနာခက်မို့မို့ထွန်းသည် စစ်ကောင်စီ၏ ကားဖြင့်တိုက် ဖမ်းဆီးခြင်းခံရသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စတင်အဖမ်းခံရသည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှစ၍ အမှတ်(၂) စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်ကာ တစ်လအကြာတွင်တော့ သူမ၏ ဒဏ်ရာကို ချုပ်ရိုးဖြည်ခဲ့ကြောင်းကြားသိရရုံကလွဲပြီး မိသားစုနှင့်တွေ့ခွင့်တစ်ကြိမ်တစ်ခါမှမရရှိခဲ့ဘဲ ‌ဆေးရုံမှတစ်ဆင့် စစ်ကြောရေးသို့ခေါ်ဆောင်ခံရခြင်းဖြစ်သည်။

ထို့အတူ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင်ပြုလုပ်ခဲ့သော “ရန်ကုန်လူထုသပိတ်”တွင် ဆန္ဒပြ သတင်းယူရင်း အဖမ်းခံရသည့်ပြည်သူများအနက် Myanmar Pressphoto Agency(MPA) မှ သတင်းထောက်နှစ်ဦးလည်း အပါအဝင်ဖြစ်ပြီး ဓာတ်ပုံဆရာ ကိုကောင်းဆက်လင်းမှာ အမှတ် (၂) စစ်ဆေးရုံတွင် “ခါး” ဒဏ်ရာကို

ကုသနေရင်း ဒီဇင်ဘာ ၁၀ ရက်ဝန်းကျင်တွင် စစ်ကြောရေးသို့ ခေါ်ဆောင်ခံခဲ့ရကာ ယနေ့တွင်တော့ အင်းစိန်ထောင်သို့ ပို့ဆောင်ခံလိုက်ရပြီဖြစ်ကြောင်း ၎င်းနှင့်ခင်မင်ရင်းနှီးသည့် မိတ်ဆွေများထံကတစ်ဆင့် သိရသည်။

(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...