ထိုင်းနိုင်ငံမှ ပြန်လာသူများကို စစ်ဆေးပြီး နိုင်ငံရေးနှင့် ပတ်သက်မှု တွေ့ရှိပါက ဖမ်းဆီးအရေးယူနေ

ထိုင်းနိုင်ငံမှ ပြန်လာသူများကို စစ်ဆေးပြီး နိုင်ငံရေးနှင့် ပတ်သက်မှု တွေ့ရှိပါက ဖမ်းဆီးအရေးယူနေ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာနိုင်ငံ မြ၀တီမြို့သို့ ပြန်လာသည့် ပြည်တော်ပြန် မြန်မာနိုင်ငံသားများကို ကွာရန်တင်း စင်တာတွင် ကျန်းမာရေးနှင့် မသက်ဆိုင်သော အကြောင်းအရာများကို မေးမြန်းစစ်ဆေးကာ ဖမ်းဆီးမှုများ ရှိနေကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ KTG HelpingHands Gerenal Services ၏ တာဝန်ရှိသူက ပြောသည်။

မဲဆောက်-မြ၀တီ အမှတ် (၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် မြန်မာဘက်သို့ ရောက်ရှိလာသူများကို COVID -19 ကူးစက်ရောဂါ စစ်ဆေးရန် အတွက် သက်ဆိုင်ရာ ကွာရန်တင်း စင်တာတွင် ထားရှိပြီးနောက် စစ်ကောင်စီ ဝန်ထမ်းများက ဖုန်းများ စစ်ဆေးခြင်း၊ NUG နှင့်ဆက်စပ်မှု ရှိ၊ မရှိ စစ်‌ဆေးခြင်း၊ NLD၊ PDFနှင့် အခြားသော လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ဆက်စပ်မှုရှိ၊ မရှိ စစ်ဆေးလျက်ရှိသည်။

ထို့သို့ စစ်ဆေးရာတွင် ဆက်စပ်မှုကိုတွေ့ရှိပါက ချက်ချင်း ဖမ်းဆီးမှုများ ပြုလုပ်သည်ဟု မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူ KTG HelpingHands Gerenal Services မှ တာဝန်ရှိသူ ကိုသားကြီးက ပြောသည်။

"အခုကိုယ့် မြန်မာနိုင်ငံသားတွေ ပြန်တော်ပြန်တွေပေါ့။ မြန်မာဘက်ကို ပြန်ရောက်ရင် စစ်ကောင်စီ ဝန်ထမ်းတွေက စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေမယ့် ပြုမူဆက်ဆံခံရတာတွေ ရှိနေပါတယ်။ ဘယ်လိုမျိုးလည်းဆိုတော့ အဓိကတော့ သူတို့ ဖုန်းတွေ အသည်းအသန် စစ်ဆေးပါတယ်။ အဲလို စစ်ဆေးတဲ့ အခါမှာ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေ တွေ့ရင် ချက်ချင်းကို လက်ထိတ်ခတ်ပြီး ဖမ်းဆီးတာတွေ ရှိနေပါတယ်။ တကယ်လည်း ဖမ်းခံရတာတွေ ရှိနေပါတယ်"ဟု ၎င်းက ပြောသည်။

စစ်ကောင်စီဝန်ထမ်းများက ပြည်တော်ပြန်များကို တောလမ်းမှ လာရ အဆင်ပြေလား၊ NUG အစိုးရကို ထောက်ခံလား၊ NLD ပါတီဝင်လား အစရှိသည့် မေးခွန်းများကို မေးမြန်းကြောင်း သိရသည်။

ထိုကြောင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လိုပါက ဖုန်းထဲတွင် နိုင်ငံရေးနှင့် ပတ်သက် ဆက်နွှယ်သည့် အကြောင်းအရာများကို ကြိုတင်ဖျက်ထားရန် လိုအပ်ကြောင်း မြန်မာအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ KTG HelpingHands Gerenal Services မှ တာဝန်ရှိသူ ကိုသားကြီးက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန်မည့် မြန်မာနိုင်ငံသား ဦးရေကို လက်ရှိတွင် တစ်ပတ်လျှင် အယောက် ၂၀၀ သတ်မှတ်ရန် ထိုင်း -မြန်မာ နှစ်နိုင်ငံ သဘောတူညီထားသည်။

August 20, 2026
Aung Kyi Nyunt, a Central Executive Committee (CEC) member of the National League for Democracy...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...