စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦး သေနတ်၊ ကျည်ဆံအပြည့်အစုံဖြင့် CDF-KKG ထံ အလင်းဝင်

စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦး သေနတ်၊ ကျည်ဆံအပြည့်အစုံဖြင့် CDF-KKG ထံ အလင်းဝင်

စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးတစ်ဦး သေနတ်၊ ကျည် အပြည့်အစုံဖြင့် ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (CDF-KKG) တပ်ဖွဲ့ထံသို့ အလင်း ဝင်လာကြောင်း CDF - KKG က ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဗိုလ်ကြီးသည် စစ်ဗျူဟာအခြေချအဖွဲ့ (မတူပီ) မှ ဦးစီးအရာရှိ (တတိယတန်း) (စစ်ထောက်)၊ လက်ရှိ မုံရွာ၌ ကြားစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ကြီး ကောင်းသူဝင်း ဖြစ်သည်။

ဗိုလ်ကြီးကောင်းသူဝင်းသည် ပြန်တန်းဝင်အမှတ် ကြည်း - ၅၅၇၂၅ စစ်တက္ကသိုလ် အပါတ်စဉ် ၅၂ - တပ်ထောက် ဗိုလ်ကြီးသင်တန်းအမှတ်စဉ် (၃၉) မှ ဖြစ်သည်။

၎င်းသည် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် တာဝန် ထမ်းဆောင်လိုခြင်း မရှိတော့သည့် အတွက် သေနတ်ကျည် အပြည့်အစုံဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် CDF - KKG ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း CDF - KKG ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

CDM ပြုလုပ်ကာ CDF - KKG မှသို့ အလင်းဝင်ရောက်လာပြီးသူ စစ်သားအရေအတွက် လေးဦး အထိ ရှိပြီ ဖြစ်ပြီး ဗိုလ်ကြီး ကောင်းသူဝင်းသည် ရာထူးအကြီးဆုံးလည်းဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ဦး၊ ရေး၊ ထောက် ဟူသည့် ယန္တရားကြီးသုံးခု ဖြင့် လည်ပတ် လျက်ရှိသည်။

စစ်ဦးစီး ဆိုသည်မှာ စစ်တိုက်ရန်နှင့် လေ့ကျင်ရန်၊ စစ်ရေး ဆိုသည်မှာ လစာ ခံစားခွင့် ပျော်ရွှင်ရေး အတွက် တာဝန်ယူရခြင်း ဖြစ်ပြီး စစ်ထောက်ဆိုသည်မှာ ရိက္ခာ၊ စစ်ဝတ်၊ လက်နက်၊ မော်တော်ယာဉ် နှင့် ပရိဘောဂ အသုံးအဆောင်များအတွက် တာဝန်ယူရခြင်းဖြစ်သည်။

“အခု စစ်ထောက် တတိယတန်း ဆိုတာ ယာဉ် (ပုစဉ်း၊ ကား) စတာတွေကို ဘယ်ပစ္စည်း ဘယ်လိုသယ်၊ ဘယ်လိုပို့ ဆိုပြီး စီစဉ်ပေးရတဲ့ အရာရှိပါ ။ကိုယ်တောင် စစ်ဆင်ရေးဂွင် တစ်ခု မှာ သူ့အကူအညီ နဲ့ အရက်တစ်ဖာ သောက်ခဲ့ရပါသေးတယ်။ သူ့အနေနဲ့ စစ်တိုက်စရာမလိုဘူး။ ဌာနချုပ်ကနေ စီစဉ်ပေးနေရုံပါဘဲ။ ချင်းပြည်နယ်မှာ လူမဆန်မှုတွေကြောင့် အကြမ်းဖက်တပ်မှာ ဆက်မနေချင်ကြောင်း ခဏခဏ အမြဲပြောဖြစ်ပါတယ်။ အတွင်းသတင်းအချို့ လည်း သူ့ဆီကနေ ရခဲ့တာ ရှိပါတယ် “ဟု ပြည်သူနှင့်အတူ ပူးပေါင်းထားသည့် ဗိုလ်ကြီးဇင်ယော်က ဗိုလ်ကြီး ကောင်းသူဝင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်လုပ်ရပ်များ မတရားမှုများကို စက်ဆုပ်ရွံရှာပြီး CDM ပြုလုပ်လာသည့် ဗိုလ်ကြီးကောင်းသူဝင်း နှင့် မိသားစုအား လုံခြုံ စိတ်ချမှု အပြည့်ရှိသည့် နေရာဒေသသို့ ပို့ဆောင်ပေးပြီးဖြစ်ပြီး ထိုက်သင့်သည့် ဆုကြေးငွေကိုလည်း ပေးအပ်ပြီးဖြစ်ကြောင်း CDF - KKG ထုတ်ပြန်ပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး ပြည်သူ့မေတ္တာ ခိုလှုံလိုသည့် စစ်သားများကို မိမိတို့ ကြိုဆိုနေမည်ဖြစ်ပြီး လုံခြုံစိတ်ချမှု အပြည့်အဝ ရှိသည့် နယ်မြေသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် လက်နက်၊ ကျည် အပြည့်အစုံဖြင့် အလင်းဝင်ရောက်ပါက ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြှင့်မည်ဟု CDF - KKG က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...