နန်းမယ်ခုံမြို့တွင်းသို့ စစ်ကောင်စီတပ် အမြောက်ဖြင့် ပစ်ခတ်၊ ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြား ထွက်ပြေးနေရ

နန်းမယ်ခုံမြို့တွင်းသို့ စစ်ကောင်စီတပ် အမြောက်ဖြင့် ပစ်ခတ်၊ ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြား ထွက်ပြေးနေရ

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့တွင်းသို့ ယမန်နေ့ ဇန်နဝါရီလ ၉ ရက် ည ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ လွိုင်ကော် အမြောက်တပ်မှ အမြောက်ဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုတွင် နန်းမယ်ခုံမြို့၊ မြို့မရှမ်း ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးသံကြောင့် အသက် (၅၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး နှလုံးဖောက် သေဆုံးခဲ့ကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်သည်။

"နန်းမယ်ခုံမှာက ဒုက္ခသည်တွေ အများကြီးရှိတယ်၊ အခုလက်နက်ကြီးနဲ့ ပစ်တော့ ကျွန်တော်တို့ ထပ်ပြေးရပြန်တယ်၊ ညအချိန်ဆိုတော့ မှောင်မည်းနေတယ်လေ၊ ဘယ်လိုပြေးလို့ ပြေးရမှန်းမသိဘူး၊ ဆောင်းတွင်းလည်း ဖြစ်တော့ တအားအေးတယ် အကူအညီတွေ လိုအပ်နေတယ်" ဟု စစ်ဘေးရှောင် တစ်ဦးက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ယနေ့ ဇန်နာဝါရီလ ၁၀ ရက် မနက်တွင် ဘေးလွတ်ရာသို့ ထပ်မံ တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ဒီးမော့ဆိုမြို့နယ်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၉ နာရီခန့်က လွိုင်ကော် အမြောက်တပ်မှ လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့မှုကြောင့် ဒေါငံခါးရပ်ကွက်ရှိ နေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...