မြန်မာတွင် ကိုဗစ်ကာလအတွင်း ပလပ်စတစ်သုံးစွဲမှု နှစ်ဆခန့်မြင့်တက်လာ

မြန်မာတွင် ကိုဗစ်ကာလအတွင်း ပလပ်စတစ်သုံးစွဲမှု နှစ်ဆခန့်မြင့်တက်လာ

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလအတွင်း ပလပ်စတစ်သုံးစွဲမှုနှုန်း နှစ်ဆခန့်မြင့်တက်လာကြောင်း Thant Myanmar အဖွဲ့မှ သိရသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အားလျှော်စွာ အလွယ်တကူ သယ်ယူရခြင်း၊ ထုပ်ပိုးမှုလွယ်ခြင်းတို့ရှိသော ပလပ်စတစ်များကို ပိုမိုအသုံးပြုလာကြသည့်အတွက် ယခုကဲ့သို့မြင့်တက်လာခြင်းဖြစ်ကြောင်း Thant Myanmar အဖွဲ့၏ ကျေးလက်ဒေသစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု မန်နေဂျာ မသဲစုအေးက DMG သို့ပြောသည်။

“လူတွေက ကိုဗစ်မဖြစ်ခင်တုန်းက ပလပ်စတစ်အန္တရာယ်ကို သတိထားခဲ့ကြပေမယ့် မျက်စိရှေ့မှာ သေဆုံးမှုတွေကိုမြင်လာရတဲ့ ကိုဗစ်ရောဂါနဲ့ကြုံတွေလာတဲ့အခါ လူတွေကပလစတစ်အန္တရာယ်ထက် ကိုဗစ်ကို ပိုပြီးအာရုံစိုက်သွားကြတယ်။ ဥပမာပြောရရင်-Quarantine Center တွေမှာ ထမင်းကျွေးတာတွေကအစ ဖော့ဘူးတွေနဲ့ကျွေးတာလေ”ဟု ၎င်းကဆိုသည်။

ကိုဗစ်ကာလတွင် လူကိုယ်တိုင် ဆိုင်၌ထိုင်စားသောက်၍မရသည့်အတွက် ပါဆယ်ဝယ်ယူရာတွင် ချိုင့်အစား ပလပ်စတစ်အိတ်များ၊ ဖော့ဗူးများကိုပိုမိုအသုံးပြုလာကြသည့်အတွက် ယခုကဲ့သို့ နှစ်ဆအထိမြင့်တက်လာခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

“လက်ရှိမှာဆိုရင် လူတစ်ယောက်က ငါးစက္ကန့်အတွင်းမှာ ပလက်စတစ်ပေါင်း ငါးထောင်လောက်ကို အလိုလိုသုံးစွဲပြီးသားဖြစ်သွားပြီလို့ စစ်တမ်းတွေအရသိရပါတယ်။ လူတွေအနေနဲ့ ရောဂါကိုကြောက်သလို ပလပ်စတစ်ရဲ့အန္တရာယ်ကိုလည်း သတိပြုဖို့လိုပါတယ်”ဟု ၄င်းကပြောဆိုသည်။

ရခိုင်ပြည်နယ်တွင်လည်း လက်ရှိကိုဗစ်ကာလတွင် ပလက်စတစ် ပိုမိုသုံးစွဲမှုမြင့်တက်လာနေကြောင်း Green Network – Sittwe တည်ထောင်သူ ဒေါ်စောမြသန္တာကဆိုသည်။

“ရခိုင်မှာလည်း အခုကိုဗစ်ကာလမှာ ဖော့ဗူးတွေ၊ ပလက်စတစ်အမှိုက်တွေ စွန့်ပစ်တာပိုများလာတာကြောင့် ကျွန်မတို့တွေ ကမ်းနားလမ်းတစ်လျှောက်မှာ အမှိုက်တွေကောက်နေတာတွေရှိတယ်။ ပြီးတော့ အခုနောက်ပိုင်းမှာက လူတွေက တစ်ခါသုံးပစ္စည်းတွေသုံးတာပိုများလာကြတယ်”ဟု ၎င်းကပြောသည်။

ထိုသို့ ပလက်စတစ်အသုံးပြုမှုများပြားလာမှုအပေါ် လူတစ်ဦချင်းစီအနေဖြင့် သတိပြုလျှော့ချရန်လိုအပ်ပြီး စုပေါင်းလုပ်ဆောင်မှသာ ရနိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်စောမြသန္တာက ဆက်လက် ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ တစ်နှစ်လျှင် ပလပ်စတစ်တန်ပေါင်းခြောက်သိန်းကျော်အထိ တင်သွင်းမှုရှိနေပြီး အများစုမှာ အသင့်စားအစားအစာထုပ်ပိုးမှုများ၊ တစ််ခါသုံးပလပ်စတစ်များနှင့် ပလပ်စတစ်အိတ်များဖြစ်ကြကြောင်း Thant Myanmar ၏ လေ့လာချက်စာရင်းများအရ သိရသည်။

ပလပ်စတစ်၏ဆိုးကျိုးကို လူများချက်ချင်းခံစားရလေ့မရှိသော်လည်း ရေရှည်တွင်ကင်ဆာ၊ ဆီးချိုသွေးတိုးနှင့် ကျောက်ကပ်ရောဂါများကဲ့သို့သော နာတာရှည်ရောဂါများကိုဖြစ်စေနိုင်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...