လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ နေရာရွှေ့ပြောင်းရ

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ နေရာရွှေ့ပြောင်းရ

ကယားပြည်နယ်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ယမန်နေ့(ဇန်နဝါရီ ၆ ရက်)မှစပြီး မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သည့်ဒေသခံများမှာ စခန်းရွှေ့ပြောင်းမှုများပြုလုပ်နေရကြောင်း ကရင်နီ စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားပြီး စစ်ဘေးရှောင်စခန်းအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ခဲ့သဖြင့် ထိခိုက်မှုများရှိခဲ့ကြောင်း ကရင်နီစစ်ဘေးရှောင် ကူညီရေးဆောင်ရွက်ပေးနေသူတစ်ဦးမှ DMG ကိုပြောသည်။

“စစ်ဘေးရှောင်စခန်းထဲကို ညကတည်းက လက်နက်ကြီးကျည်တွေကျကုန်တယ်။ တချို့တွေလဲ ထိခိုက်ကုန်တယ်။ ကျွန်မသူငယ်ချင်းတချို့လဲ ထိခိုက်ခဲ့ပါတယ်။ အခုအထိလဲ ရွှေ့ပြောင်းပေးနေရတုန်းပါပဲ။ လိုအပ်တာတွေလဲ အများကြီးကိုဖြစ်ပေါ်နေပါပြီ”ဟု ၎င်းမှပြောသည်။

ယနေ့(ဇန်နဝါရီ ၇ ရက်) နံနက် ၇ နာရီကျော်မှစပြီး မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်မှာ စစ်ဘေးရှောင်စခန်းများကိုစွန့်ခွာပြီး ဘေးကင်းရာနေရာသို့ ထပ်မံပြောင်းရွှေ့မှုများပြုလုပ်ပေးနေကြောင်း KNDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။

“ဒီနေ့ မနက် ၇ နာရီမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတာရှိတယ်။ အဲဒီကနေ တချို့စစ်ဘေးရှောင်စခန်းတွေကိုထိခိုက်တယ်ပေါ့နော်။ လူတွေထိခိုက်တာတွေရှိတယ်။ အခုသူတို့ကို ဘေးကင်းတဲ့နေရာကို ထပ်မံရွှေ့ပြောင်းပေးနေပါတယ်”ဟု ၎င်းမှဆိုသည်။

မြန်မာစစ်တပ်မှ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ ဒီးမော့ဆို(၆)မိုင်နှင့် ဘက်တလင်ကျေးရွာအထိတပ်ဖြန့်ကာ လက်ရှိအချိန်အထိ စစ်ကြောင်းထိုးလျက်ရှိနေပြီး လူနေအိမ်တချို့မှာလည်း လက်နက်ကြီးကျရောက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...