ဖုန်းဆင်းကတ်တစ်ကတ်ကို ကုန်သွယ်လုပ်ငန်းခွန် နှစ်သောင်းကျပ် စစ်ကောင်စီကကောက်ခံမည်a

ဖုန်းဆင်းကတ်တစ်ကတ်ကို ကုန်သွယ်လုပ်ငန်းခွန် နှစ်သောင်းကျပ် စစ်ကောင်စီကကောက်ခံမည်a

ဖုန်းဆင်းကတ်များဝယ်ယူမည်ဆိုပါက ဆင်းကတ်တစ်ကတ်လျှင် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ငွေကျပ်နှစ်သောင်းစီ ကောက်ခံသွားမည်ဟု စစ်ကောင်စီက ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထို့ပြင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းမှရငွေအပေါ် တစ်ဆယ့်ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်ဟုလည်း ဆိုထားသည်။ အဆိုပါအချက်များကို “၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြင်ဆင်သည့်ဥပဒေ”တွင် ထည့်သွင်းပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများကိုကုစားနိုင်ရန်အတွက် အခြားသောအခွန်ကောက်ခံမှုများကို လျှော့ပေါ့ခြင်း၊ဆိုင်းငံ့ခြင်းများအာ ဆောင်ရွက်ပေးထားကြောင်း၊ သို့သော် အင်တာနက်ဝန်ဆောင်မှုသုံးစွဲခြင်းမှာ များပြားလျက်ရှိသောကြောင့် ထိုသို့ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်ဟု စစ်ကောင်စီပိုင်သတင်းစာများတွင် ယနေ့ဖော်ပြထားသည်။

ထိုသို့တိုးမြှင့်ကောက်ခံခြင်းအားဖြင့် နိုင်ငံ့ဝင်ငွေတိုးတက်ရရှိနိုင်သည့်အပြင် အင်တာနက်ကို အလွန်အကျွံအလွဲသုံးမှုများကြောင့် ပြည်သူများ၏အလုပ်အကိုင်များကို ထိခိုက်မှုများ၊ ကျောင်းသား၊ကျောင်းသူများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို လျှော့ချပေးနိုင်မည်ဟုလည်း သတင်းစာတွင်ပါရှိသည်။

ယခုကာလသည် စစ်အာဏာသိမ်းမှုနှင့်အတူ ကိုဗစ်ကပ်ဘေးရောဂါများကြောင့် စီးပွားရေးကျပ်တည်းနေသည့်အနေအထားသို့ရောက်ရှိနေသောကြောင့် ထိုသို့အင်တာနက်ဝန်ဆောင်မှုများသုံးစွဲမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန်တိုးမြှင့်မည့်အစီအစဉ်ကို လက်မခံနိုင်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောဆိုသည်။

“အခုနောက်ပိုင်းဆို စာရွတ်စာတမ်းတွေပို့ဖို့ အီးမေးလ်တွေ ပိုသုံးလာကြတယ်။ ဒီကြားထဲ ကိုဗစ်ကပ်ရောဂါပေါ်လာတော့ လူတွေနဲ့ အနီးကပ်ထိတွေ့မဆက်ဆံနိုင်တော့ အွန်လိုင်းပေါ်ကပဲအလုပ်လုပ်ရတယ်။ အွန်လိုင်းပေါ်ကပဲ စာရွက်စာတမ်းတွေပို့ရတယ်။ အဲဒီတော့ အင်တာနက်ကိုသာ အဆမတန်စျေးတိုးမြှင့်လိုက်ရင် ငွေယိုပေါက်တွေကများလာမယ်”ဟု ၄င်းကဆက်လက်ပြောသည်။

အလားတူ ဖုန်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် စစ်တွေဒေသခံ ဦးကိုနီကလည်း ထိုသို့အခွန်တိုးမြှင့်ကောက်ခံမည်ဆိုပါက အခြေခံလူတန်းစားများအတွက် အခက်အခဲရှိနိုင်သဖြင့် ကောင်းမွန်သည့်လက္ခဏာမဟုတ်ဟု ထောက်ပြသည်။

“ဒါကကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ စျေးတတ်တော့ အခြေခံလူတန်းစားတွေ မသုံးနိုင်တော့ဘူး။ အခုလောလောဆယ်တော့စျေးမတတ်သေးဘူး။ သူတို့ဆီက တရားဝင်အကြောင်းကြားတာတော့မရှိသေးဘူး။ စျေးတတ်မယ်လို့တော့ ပြောနေကြတယ်။ အခုလောလောဆယ်တော့ မတတ်သေးဘူး”ဟု ၄င်းက ပြောသည်။

ယမန်နေ့က ပြဋ္ဌာန်းသည့် “၂၀၂၁ ၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပြင်ဆင်သည့်ဥပဒေ”သည် ဇန်နဝါရီလ ၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိအကျိုးသက်ရောက်မည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...