Published
Friday, January 07, 2022
၂ ပတ်အတွင်း ပြန်လည်မနေထိုင်ပါက အိမ်ကိုချိပ်ပိတ်မယ်လို့ စစ်ကောင်စီက ကန်ပက်လက်ပြည်သူတွေကိုခြိမ်းခြောက်
ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကန်ပက်လက်မြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ နှစ်ပတ်အတွင်း မိမိနေအိမ်ကို ပြန်လည်နေထိုင်ခြင်းမရှိရင် နေအိမ်ကိုချိပ်ပိတ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့မှုတွေကြောင့် စက်တင်ဘာလကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၄ လအတွင်း ဘုရားကျောင်းတွေအပါအဝင် လူနေအိမ်ခြေ ၇၀၀ နီးပါး လောင်ကျွမ်းပြာကျခဲ့ပါတယ်။






