ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်း အများစုတွင် ရိက္ခာပြတ်လုနီးပါး ဖြစ်နေ

ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်း အများစုတွင် ရိက္ခာပြတ်လုနီးပါး ဖြစ်နေ

ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်း အများစုတွင် ရိက္ခာများ ပြတ်လုနီးပါး ဖြစ်နေသဖြင့် အလှူငွေများနှင့် အခြေခံ စားသောက်ကုန် ရိက္ခာ ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး တာဝန်ခံများထံမှ သိရသည်။

ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြမ်းနှင့် ဖရူဆိုဘက်တွင် စစ်ဘေးရှောင် စခန်း ‌၃၀ အထက်ရှိရာ တိုက်ပွဲများပို၍ ပြင်းထန်လာသောကြောင့် စစ်ဘေးရှောင် ၁၀၀၀၀၀ (တစ်သိန်း) ကျော် စားနပ်ရိက္ခာ လောက်ငှမှု မရှိကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး တာဝန်ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

"ရှေ့တန်းက ရဲဘော်တွေကို စုထားတဲ့ ရိက္ခာတွေ ဦးစားပေးပြီး ပေးလိုက်ရတော့ IDP Camp တွေအတွက် လစ်ဟာသွားတယ်။ တချို့စခန်းတွေဆို နှစ်ရက်စာလောက်ပဲ ရှိတော့တယ်၊ တချို့ Camp တွေဆို နှစ်ကုန်ထဲက မရှိတော့တာ။ စခန်းတစ်ခုကို ကူလိုက်ရင် တစ်ဖက်မှာ မရှိတော့ပြန်ဘူး၊ အမြဲလောက်ငှတယ် ဆိုတာကို မရှိတာ။ Click နှိပ်တာတွေလည်း တစ်လပြီး တစ်လကြာမှရတော့ စောင့်နေရတာ ကြားထဲက ရက်တွေမှာ လစ်ဟာနေတာ၊ အဓိက ကတော့ ဖရူဆိုဘက်က စစ်ရှောင်စခန်းတွေ အတွက် အရေးပေါ် လိုအပ်နေပါတယ်" ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင် စခန်းများအတွက် ဆေးဝါးပစ္စည်းများ လုံလောက်မှု ရှိသော်လည်း ဆန်၊ ဆီ၊ ဆားနှင့် ကုန်ခြောက်များ အပြင် အဓိက သောက်သုံးရေ လိုအပ်ကြောင်း၊ ချမ်းအေးသည့် ကာလ ဖြစ်သောကြောင့် အနွေးထည်နှင့် စောင်များလည်း လိုအပ်နေကြောင်း ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း ကယားပြည်နယ် နေရာအချို့တွင် တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားလာသဖြင့် စစ်ဘေးရှောင်ဦးရေ ပိုတိုးလာကြောင်း သိရသည်။

လက်ရှိ စစ်ဘေးရှောင် ၁၀၀၀၀၀ (တစ်သိန်း) ကျော်အနက် ၅၀ ရာခိုင်နှုန်းမှာ ၁၅ နှစ်အောက် ကလေးငယ်များ ဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး တာဝန်ခံအချို့ထံမှ သိရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...