ရခိုင့်ကံကြမ္မာဖန်တီးနိုင်ရေးအတွက် နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ALP ထုတ်ပြန်

ရခိုင့်ကံကြမ္မာဖန်တီးနိုင်ရေးအတွက် နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ALP ထုတ်ပြန်

ရခိုင့်ကံကြမ္မာကိုဖန်တီးနိုင်ရေးအတွက် ကြိုးပမ်းလှုပ်ရှားနေကြသည့် ရခိုင့်လက်နက်ကိုင်အဖွဲ့များ၊ ပါတီများနှင့်လက်တွဲကာ လက်နက်ကိုင်လမ်းစဉ်ကိုလက်ကိုင်ထားပြီး နည်းလမ်းပေါင်းစုံဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ရခိုင်လွတ်မြောက်ရေးပါတီ(ALP)က ယမန်နေ့(ဇန်နဝါရီလ ၆ ရက်)တွင် ထုတ်ပြန်လိုက်သည်။

ရခိုင့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်ပူးပေါင်းကာ ထိုသို့တိုက်ပွဲဝင်ရန်အတွက်လည်း သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကို ရဟန်းရှင်လူပုဂ္ဂိုလ်(၄၀)နီးပါးဖြင့် ဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ယင်းနိုင်ငံရေးဦးဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ခိုင်ရဲခိုင်ကတာဝန်ယူပြီး ဒုတိယဥက္ကဋ္ဌအဖြစ် စောမြရာဇာလင်းက တာဝန်ယူထားသည်။

“ဒီလိုဖွဲ့စည်းပြီးတော့ ကျွန်တော်တို့က ပါတီရော၊ တပ်မတော်ရော အကုန်လုံး အကောင်းဆုံးဖြစ်အောင် ပြန်လည်စုစည်းပြီး ကြိုးစားပြီးလုပ်သွားမယ်။ တခြားနိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လက်တွဲပြီးတော့ ရခိုင်ပြည်သူလူထုအတွက် ခရီးဆုံးအောင်လုပ်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ထုတ်ပြန်တာဖြစ်ပါတယ်”ဟု အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်က DMG သို့ပြောသည်။

၄င်းတို့ပူးပေါင်းလုပ်ဆောင်မည်ဟုရည်ညွှန်းသည့် ရခိုင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဆိုသည်မှာ ရက္ခိုင့်တပ်တော်(AA)၊ ရခိုင်အမျိုးသားကောင်စီ(ANC/AA)ကိုဆိုလိုပြီး နိုင်ငံရေးပါတီဆိုသည်မှာ ရခိုင့်နိုင်ငံရေးပါတီများကို ဆိုလိုခြင်းဖြစ်သည်ဟု ၄င်းကရှင်းပြသည်။

“အဓိက ကျွန်တော်တို့ဆီမှာ တခြားလက်နက်ကိုင်အင်အားကြီးမားတဲ့ ULA/AA ရှိတယ်။ ANC/AA ရှိတယ်။ အဲဒီလိုအဖွဲ့အစည်းတွေကို ကျွန်တော်တို့ရည်ညွှန်းတယ်။ နောက်တစ်ခုက နိုင်ငံရေးပါတီတွေအကုန်လုံးပေါ့နော်။ အဲလိုအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့က လက်တွဲပြီးလုပ်သွားမယ်ဆိုတာကို ရည်ညွှန်းတာဖြစ်ပါတယ်”ဟု ခိုင်ကျော်ခိုင်ကပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်မှစ၍ တိုင်းရင်းသားမဟာမိတ်များနှင့် လက်တွဲဖြတ်သန်းလာခဲ့ခြင်းဖြစ်သည်။သို့သော် လက်ရှိအချိန်တွင် ရခိုင်ပြည်သူများမျှော်မှန်းထားသည့် ရခိုင့်ကံကြမ္မာ ရခိုင်တို့ဖန်တီးနိုင်ရေး၊ အမျိုးသားဘုံပန်းတိုင်သို့ မရောက်နိုင်သေးသောကြောင့် ပြည်တွင်းပြည်ပရှိ ရဟန်းရှင်လူ၊ ပြည်သူတရပ်လုံးနှင့်လက်တွဲပြီး တိုက်ပွဲဝင်ရဦးမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...