စစ်တွေတက္ကသိုလ်တွင် ကျောင်းပြန်တက်သူ လေးပုံတစ်ပုံသာရှိ

စစ်တွေတက္ကသိုလ်တွင် ကျောင်းပြန်တက်သူ လေးပုံတစ်ပုံသာရှိ

မြန်မာနိုင်ငံတစ်ဝန်းမှာ ဇန်နဝါရီလ ၆ ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ စစ်တွေတက္က္ကသိုလ်တွင် ကျောင်းပြန်တက်သူဦးရေမှာ လေးပုံ တစ်ပုံခန့်သာ ရှိခဲ့သည်။

ကျောင်းပိတ်ရက်ကာလရှည်ကြာခဲ့သဖြင့် တက္ကသိုလ်ကျောင်းသားကျောင်းသူအချို့မှာ ရပ်ဝေးသို့ရောက်ရှိနေကြပြီး ယခုကျောင်းပြန်ဖွင့်ချိန်တွင် အချိန်မီလာရောက်နိုင်ခြင်းမရှိသဖြင့် ကျောင်းပြန်တက်သူဦးရေ သိသာစွာလျော့နည်းခဲ့ခြင်းဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားရေးရာ ဌာနမှူး ဦးကျော်နိုင်ဦးကပြောသည်။

“ရွာမှာနေတဲ့ကျောင်းသားတွေက ကျောင်းဖွင့်ချိန်အမီ အကုန်လုံးမလာနိုင်သေးတဲ့အနေအထားပေါ့နော်၊ နောက်တစ်ပတ်ဆို ကျောင်းပြန်အပ်မယ့်ကျောင်းသူကျောင်းသားတွေ ပိုများလာမှာပါ။ ရခိုင်ရဲ့ နိုင်ငံရေး အခြေအနေကလည်း တည်ငြိမ်နေတာကြောင့် ကက္ကသိုလ်ကျောင်းသားတွေ ကျောင်းပြန်တက်လာမှာပါ”ဟု ၎င်းကပြောသည်။

စစ်တွေတက္ကသိုလ်တွင် ဥပဒေပညာနှင့် ပညာရေးစတုတ္တနှစ်(မဟာဘွဲ့)သင်တန်း ပထမနှစ်ဝက်သင်တန်းကို ယနေ့စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတွင် တက်ရောက်သင်ကြားမည့် ကျောင်းသားကျောင်းသူဦးရေ ၄၅၀ ရှိသော်လည်း ကျောင်းသူကျောင်းသားဦးရေ ၁၀၄ ယောက်သာတက်ရောက်ခဲ့ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားရေးရာဌာနမှ သိရသည်။

တက္ကသိုလ်ကျောင်းသူကျောင်းသားများတွင် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ဆေးထိုး မထိုးရသေးသူများကို ဆေးထိုးပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း စစ်တွေတက္ကသိုလ်မှ သိရသည်။

တက္ကသိုလ်တွင် ကျန်ရှိနေသည့်သင်တန်းများကိုဖွင့်လှစ်ရန် ညွှန်ကြားချက်မရှိသေးသည့်အတွက် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်ရမှသာ သိရမည်ဖြစ်ကြောင်း ဦးကျော်နိုင်ဦးကဆိုသည်။

ဒုတိယနှစ် သတ္တဗေဒကျောင်းသူ မဝိုင်းမြတ်ထွန်းက ကျန်သည့်တက္ကသိုလ်သင်တန်းများကို အမြန်ဆုံး ဖွင့်စေလိုကြောင်း ပြောသည်။

“တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ပြီဆိုတော့ ကျမတို့လည်း ကျောင်းပြန်တက်ချင်တာပေါ့။ ပိတ်ထားတာလည်း နှစ်နှစ်ကြာပြီးဆိုတော့ ကိုဗစ်နဲ့နိုင်ငံ့ရေးနဲ့ သင်တန်းတွေလည်း ဘာမှတက်ဖို့အဆင်မပြေဘူး။ အခုကတော့ နောက်ဆုံးနှစ်ကျောင်းသားတွေကိုပဲခေါ်တော့ ကျမတို့က အရေးမကြီးသလိုဖြစ်နေတယ်”ဟု ၎င်းကပြောသည်။

စစ်တွေတက္ကသိုလ်တွင် အဝေးသင်ကျောင်းသူကျောင်းသား (၁၆၀၀၀၀)ကျော်နှင့် ပထမနှစ်မှ မဟာတန်းအထိ နေ့သင်တန်း(day)ကျောင်းသားကျောင်းသူ (၄၀၇၈)ဦးရှိကြောင်း သိရသည်။

ရခိုင်ပြည်တွင် စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ တောင်ကုတ်တက္ကသိုလ်၊ ကျောက်ဖြူပညာရေးကောလိပ်နှင့် အစိုးရနည်းပညာသိပ္ပံ(သံတွဲ)တို့ရှိသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...