မြိတ်တွင် စစ်ကောင်စီတပ်အား ခဲနှင့်ပေါက်သည့် စိတ်ကျန်းမာရေး ချို့တဲ့သူ ပစ်ခတ်ဖမ်းဆီးခံရ

မြိတ်တွင် စစ်ကောင်စီတပ်အား ခဲနှင့်ပေါက်သည့် စိတ်ကျန်းမာရေး ချို့တဲ့သူ ပစ်ခတ်ဖမ်းဆီးခံရ

မြိတ်မြို့၊ လေတပ် အတွင်း ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခဲနှင့်သွားပေါက်သည့် စိတ်ကျန်းမာရေး ချို့တဲ့သူ အမျိုးသား တစ်ဦး ယမန်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရ သည်။

အဆိုပါ စိတ်ကျန်းမာရေး ချို့တဲ့သူ အမျိုးသားသည် ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ခဲနှင့်ပစ်ပြီး လေယာဉ်ကွင်း လမ်းအတိုင်း လမ်းလျှောက်လာစဉ် ကင်းလှည့် စစ်ကောင်စီ တပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြိတ်မြို့ခံ တစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသားသည် အောက်ရေပုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပတ်ခတ်ခံရမှုကြောင့် ပေါင်ရိုးတွင် သေနတ် ဒဏ်ရာ တစ်ချက်နှင့် ရင်အုံတွင် တစ်ချက် ထိမှန်ကာ ၅/၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြို့ခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် ဖြတ်သန်း သွားလာသည့် ပြည်သူ တချို့လည်း ထိခိုက်မှု ရှိနိုင်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...