လှိုင်သာယာ ရုံးရှေ့မှတ်တိုင်အနီး ပစ်ခတ်မှုဖြစ် စစ်ကောင်စီဘက်က ၂ဦး သေဆုံး

လှိုင်သာယာ ရုံးရှေ့မှတ်တိုင်အနီး ပစ်ခတ်မှုဖြစ် စစ်ကောင်စီဘက်က ၂ဦး သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်အနီးရှိ ယာဉ်ထိန်းရုံးဘေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဇန်နဝါရီလ ၆ ရက် မနက် ၉နာရီ၄၅မိနစ်အချိန်တွင် ပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း CGF - YGN အဖွဲ့ထံမှ သိရသည်။

"ကျွန်တော်တို့လုပ်ချင်တာကတော့ တစ်နေရာပေါ့၊ အဆင်မပြေဖြစ်သွားလို့ သူတို့ကို လုပ်လိုက်တာ ယာဉ်ထိန်းရုံးဘေးမှာ တပ်စွဲထားတာ သူတို့က မော်တော်ပီကယ်ပါ ပါရင် စုစုပေါင်း ခုနှစ်ယောက်ရှိတယ်။ ဝင်ပစ်လိုက်တော့ စစ်ကောင်စီက နှစ်ယောက်သေတယ်၊ မြေပြင်သတင်းတွေအရအတည်ပြုနိုင်တာပါ"ဟု CGF - YGN အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့သည်။ ယင်းပစ်ခတ်မှုကို CGF-YGN ၏ မိတ်ဖက်ဖြစ်သော ဒေသဆိုင်ရာပြောက်ကျားတပ်ဖွဲ့ Spring Revolution Flames-SRF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြောက်ကျားအဖွဲ့မှာ အန္တရယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ယနေ့မနက်အစောပိုင်းကလည်း ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ်၊ တောင်ငူလမ်းရှိ EPC ရုံးဘေးကပ်လျက်က ဘောလုံးကွင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်။

ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...