ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ဆေးပေးခန်းနှင့် စာသင်ကျောင်း ပျက်စီး

ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ဆေးပေးခန်းနှင့် စာသင်ကျောင်း ပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဆေးပေးခန်းနှင့် စာသင်ကျောင်း ဘော်ဒါဆောင် ခြောက်လုံး ထိခိုက်ပျက်စီးခဲ့သည့် အပြင် ဆိတ်တစ်ကောင် သေဆုံးခဲ့သည်။

ဒွယ်လိုးမြို့နယ်၊ မယ်သုကျေးရွာအုပ်စု၊ လယ်ထူဖိုးဒေသကို ယမန်နေ့ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ နံနက် ၁ နာရီကျော်ခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KNU မူတြော် သတင်းစဉ်က အင်္ဂါနေ့တွင် ထုတ်ပြန်သည်။

“စစ်ကောင်စီဟာ အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲဖြစ်လာရင် စစ်တိုက်လေယာဉ်တွေ အသုံးပြုနေတာကို တွေ့မြင်ရတယ်” ဟု KNU က ပြောသည်။

စစ်ကောင်စီတပ်က ကြဲချခဲ့သော ဗုံးသီးသုံးလုံးသည် လယ်ထူးဖိုးဒေသရှိ ဆေးပေးခန်းဝင်း အတွင်း တစ်လုံး၊ ကျောင်းဝင်းအတွင်း တစ်လုံးနှင့် KNLA တပ်ရင်းအမှတ် (၁၀၂) အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစစ်တွင် တိုက်လေယာဉ် အသုံးပြု တိုက်ခိုက်ခြင်း မပြုရဟု ကမ္ဘာ့ကုလသမဂ္ဂ (UN) ပဋိညာဉ်စာချုပ်ပါ စည်းကမ်းချက်များဖြင့် တားမြစ်ထားသော်လည်း စစ်ကောင်စီဘက်က လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန် နေခြင်း ဖြစ်ကြောင်းလည်း KNU က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းပြင်းထန် ဖြစ်ပွားနေခြင်းဖြစ်ပြီး KNLA တပ်မဟာ (၅)၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၆) ဒေသများတွင် တိုက်ပွဲပြင်းထန်နေသည်။

(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...