စစ်ကောင်စီနဲ့ NUG တွေ့ဆုံကြောင်း သတင်းမှားထွက်ပေါ်

စစ်ကောင်စီနဲ့ NUG တွေ့ဆုံကြောင်း သတင်းမှားထွက်ပေါ်

အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ စစ်ကောင်စီ တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ညှိနှိုင်းကြ တယ်ဆိုတဲ့ သတင်းတစ်ခုကို Aung Naing Htwe ( ဂိုရှယ်လေး- Goshal Lay ) ဆိုသူရဲ့ Facebook အကောင့်ပိုင်ရှင်က ဇန္နဝါရီလ ၁ ရက်နေ့ (ဒီနေ့) မနက်အစောပိုင်း ၁၂ နာရီ ၁၆ မိနစ်က ရေးတင်ထားတာကို တွေ့ရပါတယ်။

Aung Naing Htwe ( Goshal Lay ) ဆိုသူက NUG နဲ့ စစ်ကောင်စီ (နစက) တို့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်း နေတယ် ဆို တဲ့ သတင်းကို NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ဆီက ရရှိတယ်ဆိုပြီး ရေးသား ထားပါတယ်။

Aung Naing Htwe ( Goshal Lay ) ဆိုသူက “ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း

နှစ်သစ်မှာ ငြိမ်းချမ်းပါစေ နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ...GSL 100%   100% 100% 100% ပါ ခင်ဗျ အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ သတင်းမှားလျင် တရားစွဲပါ အခုပင် ချင်းမိုင်မြို့ရဲ့ ဟို တယ်တခုမှာ ဗိုလ်ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဂိုလ်ရှယ်လေး” ဆိုပြီး‌ (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုဖြစ်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ Aung Naing Htwe ( Goshal Lay ) ဆိုသူ ရေးသားထားတဲ့ NUG နဲ့ စစ်ကောင်စီ (နစက) တို့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းနေတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှား ဖြစ်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ဆီက သူရဲ့ Facebook အကောင့်ကနေ ပြန်လည်ရှင်းလင်း ရေးသားထားလို့ပဲဖြစ်ပါတယ်။

NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က သတင်းအမှားပါဆိုပြီး ပြောဆိုထားတာကို ဒီမှာ  https://bit.ly/342H0vq ဝင်ကြည့်နိုင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကလည်း CRPH ၊ NUG တို့ကို တွေ့ဆုံ ဆွေးဖို့ မရှိဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့  သတင်းစာရှင်းလင်းပွဲမှာ စစ် ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

CRPH ၊ NCG တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားတာကို VOA သတင်းဌာန က သတင်းရေးသားထားတာကို ဒီမှာ https://bit.ly/3sLUPZF ကြည့်ရင်တွေ့နိုင်ပါတယ်။

NUG နဲ့ စစ်ကောင်စီ (နစက) တို့ နှစ်သစ်မှာ တကယ်တွေ့ဆုံမယ်ဆိုရင် တွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ကလည်း နှစ်သစ်မကူးခင်ကတည်းက သတင်းဌာန တော်တော်များများက သတင်းရေးသား တင်ဆက်ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုက အဲလိုဖြစ်မနေပဲ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ သတင်းကို ဘယ်သတင်းဌာနကမှ ရေးသား ထုတ်လွှင့်တာတွေမရှိသလို တွေ့ဖို့လည်း အကြောင်းမရှိဘူးဆိုပြီး ဦးရည်မွန်က သူရဲ့ Facebook အကောင့်က နေ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါကြောင့် ဒီအချက်အလက် အားလုံးကို ကြည့်လိုက်တဲ့အခါမှာတော့ Aung Naing Htwe ( Goshal Lay ) ဆိုသူရဲ့ ရေးသားမှုတွေဟာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို တိုင်းရင်းသားတွေနဲ့ ပြည်သူတွေက အထင်အမြင် မှားအောင် တမင်ဝါဒဖြန့်ရေးသားထားတာကို စိစစ်တွေ့ရှိခဲ့ရတဲ့အတွက် သတင်းအမှားဆိုတာကို အတည်ပြုနိုင် ခဲ့ပါတယ်။

Aung Naing Htwe ( Goshal Lay ) ဆိုသူရဲ့ ရေးသားမှုကို ထပ်ဆင့်ဖြန့်ဝေသူ ကိုးရာနီးပါးရှိနေပြီး ကြိုက်နှစ်သက် သူနဲ့ သဘောထား မှတ်ချက်ပေးတဲ့သူတွေ တော်တော်များများရှိနေပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ NUG ကို ပြည်သူတွေ မုန်တီးသွားအောင်၊ မထောက်ခံအောင်၊ မကူညီ အောင်၊ အားမပေးရဲ‌အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိ ရှိ ဝါဒဖြန့် ရေးသား ဖြန့်ဝေနေ တာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။

Most read this week

December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
November 27, 2025
၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့်...
November 12, 2025
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ...