ရန်ကုန် မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

ရန်ကုန် မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

ရန်ကုန်မြို့နယ်လေးခုတွင် “ပျံလွှားအောင်” စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှု အပါအဝင် ငါးဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရသွားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ရွှေပြည်သာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် လမ်းမတော်မြို့နယ်များရှိ စစ်ကောင်စီ တပ်များကို ပြည်သူ့ကာကွယ်ရေးတပ် ( PDF ) များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကို ဇန်နဝါရီလ ၂ ရက် ည ၇ နာရီခန့်တွင် သေနတ်များ၊ လက်လုပ်ဗုံးများဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် လေးဦး သေဆုံးပြီး စစ်သား နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဆိုသည်။

လှိုင်မြို့နယ်၊ ရွာမကွေ့သို့ ရောက်ရှိလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ လှည့်ကင်း ကားကို ဇန်နဝါရီလ ၂ ရက် နံနက် ၂ နာရီ မိနစ် ၃၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ၏ FAW ကားတစ်စီး ထိခိုက် ပျက်စီးခဲ့သည်ဟု သိရသည်။

ထို့နေ့ နံနက် ၇ နာရီအချိန်တွင်လည်း သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ရုံးဝင်း အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အဆောင်ကို MDF Yangon တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦး သေဆုံးပြီး အချို့ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လမ်းမတော်မြို့နယ်၊ မော်တင် ယာယီဈေးရပ်ကွက်၊ ရွာသစ်ချောင်းလမ်းပေါ်ရှိ ကား လိုင်စင်ရုံး အနီး နေရာယူထားသည့် စစ်ကောင်စီတပ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် ည ၇ နာရီ မိနစ် ၃၀ခန့်တွင် Black Eagle Ranger (BER)က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်များအား စစ်ရေး အရ အရေးယူ တုံ့ပြန် တိုက်ခိုက်နိုင်ရေးအတွက် “ပျံလွှားအောင်” စစ်ဆင် ရေးအမည်ဖြင့် စစ်ဆင်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...